ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 4:1-7 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့၊ အ​ကယ်​၍​သင်​တို့​ပြန်​လာ​လို​လျှင်​ငါ့ ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ​ရွံ​မုန်း​သည့် ရုပ်​တု​တို့​ကို​ဖယ်​ရှား​ကာ​ငါ့​အား​သစ္စာ စောင့်​ကြ​လျှင်၊-

2. ငါ​၏​နာ​မ​တော်​ကို​သင်​တို့​တိုင်​တည်​ကျိန်​ဆို မှု​သည်​တော်​တည့်​မှန်​ကန်၊ လျော်​ကန်​သင့်​မြတ် လိမ့်​မည်။ ထို​အ​ခါ​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​အား​ကောင်း​ချီး​ပေး​ရန်​ငါ့​ထံ​တောင်း လျှောက်​ကြ​လိမ့်​မည်။ ငါ့​ကို​လည်း​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

3. ယု​ဒ​ပြည်​သား​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​လူ​တို့ အား ထာ​ဝ​ရ​ဘု​ရား​က``မ​ထွန်​မ​ယက်​ရ​သေး သည့်​သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက် ကြ​လော့။ သင်​တို့​၏​မျိုး​စေ့​များ​ကို​ဆူး​ပင် များ​အ​ကြား​တွင်​မ​ကြဲ​ကြ​နှင့်။-

4. သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ နှင့်​သင်​တို့​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ကြ​လော့။ အ​ချင်း​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့၊ ငါ့​အား​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သို့​မ​ပြု​ပါ​မူ​သင်​တို့​ကူး​လွန်​ခဲ့ သည့်​ဒု​စ​ရိုက်​များ​ကြောင့် ငါ​၏​အ​မျက်​တော် သည်​မီး​ကဲ့​သို့​တောက်​လောင်​လိမ့်​မည်။ ယင်း​ကို ငြိမ်း​သတ်​မည့်​သူ​လည်း​တစ်​စုံ​တစ်​ယောက် မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

5. ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ရှင်း​လင်း​ကျယ်​လောင်​စွာ​ကြွေး​ကြော်​ကြ​လော့။ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား တို့​အား ခံ​တပ်​မြို့​များ​သို့​ပြေး​ဝင်​ကြ​ရန်​ပြော​ကြား​ကြ​လော့။

6. ဇိ​အုန်​မြို့​ရှိ​ရာ​သို့​ရှေ့​ရှု​ကြ​လော့။ ဘေး​မဲ့​လုံ​ခြုံ ရာ​သို့ ပြေး​ကြ​လော့။ ဆုတ်​ဆိုင်း​၍​မ​နေ​ကြ​နှင့်။ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​စွာ​သော​ပျက်​စီး မှု ဘေး​အန္တ​ရာယ်​ဆိုး​ကိုမြောက်​အ​ရပ်​မှ​ဆောင်​ယူ​လာ​တော်​မူ​လိမ့် မည်။

7. ခြင်္သေ့​သ​ဖွယ်​ခို​အောင်း​ရာ​မှ​ထွက်​လာ​လေ​ပြီ။လူ​မျိုး​တ​ကာ​ကို​ဖျက်​ဆီး​မည့်​သူ​သည် ထွက်​ခွာ​လာ​လေ​ပြီ။သူ​သည်​ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန်​ထွက်​ခွာ​လာ လေ​ပြီ။ယု​ဒ​မြို့​တို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 4