ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 32:5-8 Common Language Bible (BCL)

5. ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။

6-7. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``သင်​၏​ဦး​ရီး ရှလ္လုံ​၏​သား​ဟာ​န​မေ​လ​သည်​အာ​န​သုတ် တွင်​ရှိ​သည့် မိ​မိ​၏​လယ်​မြေ​ကို​ဝယ်​ယူ​ရန် သင့်​အား​ပြော​ကြား​လာ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​သည်​သူ​နှင့်​အ​နီး​ဆုံး ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကွက်​ကို ဝယ်​ယူ​ပိုင်​ခွင့်​ရှိ​သူ​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။-

8. ထို​နောက်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပင်​လျှင် ငါ့​ညီ​ဟာ​န​မေ​လ​သည်​ငါ​ရှိ​ရာ​အ​ချုပ် ထောင်​ဝင်း​အ​တွင်း​သို့​လာ​၍``ဗင်္ယာ​မိန်​နယ်​မြေ တွင်း​ရှိ​ဒေ​သ​တွင်​ရှိ​သည့်​အ​ကျွန်ုပ်​၏​လယ် မြေ​ကို​ဝယ်​ယူ​ပါ။ သင်​သည်​အ​ကျွန်ုပ်​နှင့်​အ​နီး ဆုံး​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကို​ဝယ်​ယူ သိမ်း​ပိုက်​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ ထို​အ​ခါ ငါ​သည်​ဤ​အ​မှု​ကို​ပြု​ရန်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​ထား​တော်​မူ​သည်​ကို​သိ​သ​ဖြင့်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 32