ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 32:31-44 Common Language Bible (BCL)

31. ဤ​မြို့​ကို​တည်​ထောင်​သည့်​နေ့​မှ​အ​စ​ပြု​၍ မြို့​သူ​မြို့​သား​တို့​သည် ငါ​၏​အ​မျက်​တော် ကို​ပြင်း​ထန်​စွာ​လှုံ့​ဆော်​ခဲ့​ကြ​၏။-

32. ဣ​သ​ရေ​လ​ပြည်​သား​များ​နှင့်​ယု​ဒ​ပြည် သား​များ၊ သူ​တို့​၏​ဘု​ရင်​များ​နှင့်​မှူး​မတ် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သူ​တို့​ပြု​ကျင့်​သည့်​မ​ကောင်း​မှု များ​အ​တွက် ငါ​သည်​ဤ​မြို့​ကို​ပျက်​သုဉ်း စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​လေ​ပြီ။-

33. သူ​တို့​သည်​ငါ့​ကို​ကျော​ခိုင်း​ကြ​၏။ ငါ​သည် သူ​တို့​အား​ဆက်​လက်​၍​သွန်​သင်​ပါ​သော် လည်း သူ​တို့​သည်​နား​မ​ထောင်​လို​ကြ။ ဆုံး​မ​ပဲ့​ပြင်​မှု​ကို​မ​ခံ​ယူ​လို​ကြ။-

34. သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ဖြင့်​တည်​ဆောက် ထား​သည့်​ဗိ​မာန်​တော်​တွင် ရွံ​ရှာ​ဖွယ်​ကောင်း သော​ရုပ်​တု​များ​ကို​ထား​ရှိ​လျက်​ညစ် ညမ်း​စေ​ကြ​၏။-

35. သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား မော​လုပ်​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ရန်​ဟိန္နုံ​ချိုင့် ဝှမ်း​တွင် ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​ကြ​၏။ ဤ​အ​မှု​ကို​ပြ​ရန်​သူ​တို့ အား​ငါ​မ​ခိုင်း​စေ​ခဲ့။ သူ​တို့​သည်​ယု​ဒ​ပြည် သား​တို့​အား​ဤ​သို့​အပြစ်​ကူး​လွန်​ရန်​ပို့ ဆောင်​လမ်း​ပြ​ကြ​လိမ့်​မည်​ဟု​လည်း အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​တွေး​တော​မိ​ခဲ့'' ဟု မိန့်​တော်​မူ​၏။

36. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ ဤ​မြို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဗာ​ဗု​လုန် ဘု​ရင်​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည် ဟု​ပြည်​သူ​တို့​ပြော​ဆို​နေ​ကြ​၏။ နောက်​ထပ် ငါ​မိန့်​မှာ​ရန်​ရှိ​သည့်​စ​ကား​ကို​ယ​ခု​နား ထောင်​လော့။-

37. ငါ​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက် ၍​ထို​သူ​တို့​အား​ကွဲ​လွင့်​စေ​ခဲ့​သည့်​တိုင်း နိုင်ငံ​များ​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို​နောက် သူ​တို့​ကို​ဤ​အ​ရပ်​သို့​ပြန်​လည်​ခေါ်​ဆောင် ကာ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​စေ​မည်။-

38. ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-

39. ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​အ​ကျိုး၊ နောင် လာ​နောက်​သား​တို့​၏​အ​ကျိုး​ငှာ​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​အ​သက်​ရှင်​စေ​မည်။ ထို​ရည်​ရွယ်​ချက်​မှာ​ငါ့​ကို​အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​ရန်​ပင်​ဖြစ်​သည်။-

40. ငါ​သည်​သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​ထာ​ဝ​စဉ်​ကောင်း​ကျိုး​ပေး​မည်။ သူ တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ့​ကို​မ​စွန့် မ​ပယ်​စေ​ကြ​စေ​ရန် သူ​တို့​၏​နှ​လုံး​တွင်​ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​သ​ဘော​ကို ငါ​ရ​ရှိ​စေ​မည်။-

41. သူ​တို့​အား​ကောင်း​ကျိုး​ပေး​ရန်​ကို​သာ​နှစ် သက်​မည်။ ဤ​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ရာ ချ​ထား​မည်။

42. ``ငါ​သည်​ဤ​ဘေး​အန္တ​ရာယ်​ဆိုး​ကို သူ​တို့ အ​ပေါ်​သို့​သက်​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ တို့​အား​ငါ​က​တိ​ရှိ​ခဲ့​သည့်​ကောင်း​ကျိုး ချမ်း​သာ​မှန်​သ​မျှ​ကို​ခံ​စား​စေ​မည်။-

43. ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။-

44. လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 32