30. ဣသရေလနှင့်ယုဒပြည်သားတို့သည်ရှေး မဆွကပင်လျှင်အစပြု၍ ငါမနှစ်သက် သည့်အမှုများကိုသာလျှင်ပြုခဲ့ကြပေ သည်။ ဣသရေလပြည်သားတို့သည်မိမိ တို့သွန်းလုပ်သည့်ရုပ်တုများအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ၏။-
31. ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။-
32. ဣသရေလပြည်သားများနှင့်ယုဒပြည် သားများ၊ သူတို့၏ဘုရင်များနှင့်မှူးမတ် များ၊ ယဇ်ပုရောဟိတ်များနှင့်ပရောဖက် များ၊ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင် နေထိုင်ကြသူတို့ပြုကျင့်သည့်မကောင်းမှု များအတွက် ငါသည်ဤမြို့ကိုပျက်သုဉ်း စေရန်စိတ်ပိုင်းဖြတ်ထားလေပြီ။-
33. သူတို့သည်ငါ့ကိုကျောခိုင်းကြ၏။ ငါသည် သူတို့အားဆက်လက်၍သွန်သင်ပါသော် လည်း သူတို့သည်နားမထောင်လိုကြ။ ဆုံးမပဲ့ပြင်မှုကိုမခံယူလိုကြ။-
34. သူတို့သည်ငါ၏နာမတော်ဖြင့်တည်ဆောက် ထားသည့်ဗိမာန်တော်တွင် ရွံရှာဖွယ်ကောင်း သောရုပ်တုများကိုထားရှိလျက်ညစ် ညမ်းစေကြ၏။-
35. သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။
36. ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက``ယေရမိ၊ ဤမြို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကြောင့် ဗာဗုလုန် ဘုရင်၏လက်တွင်းသို့ကျရောက်ရလိမ့်မည် ဟုပြည်သူတို့ပြောဆိုနေကြ၏။ နောက်ထပ် ငါမိန့်မှာရန်ရှိသည့်စကားကိုယခုနား ထောင်လော့။-
37. ငါသည်ဒေါသအမျက်ချောင်းချောင်းထွက် ၍ထိုသူတို့အားကွဲလွင့်စေခဲ့သည့်တိုင်း နိုင်ငံများမှပြန်လည်စုသိမ်းမည်။ ထိုနောက် သူတို့ကိုဤအရပ်သို့ပြန်လည်ခေါ်ဆောင် ကာဘေးမဲ့လုံခြုံစွာနေထိုင်စေမည်။-
38. ထိုအခါသူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
39. ငါသည်သူတို့အားမိမိတို့၏အကျိုး၊ နောင် လာနောက်သားတို့၏အကျိုးငှာတစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်အသက်ရှင်စေမည်။ ထိုရည်ရွယ်ချက်မှာငါ့ကိုအစဉ်အမြဲ ကြောက်ရွံ့ရိုသေကြရန်ပင်ဖြစ်သည်။-
40. ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။-
41. သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။