ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 32:24-31 Common Language Bible (BCL)

24. ``ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​ဤ​မြို့​ကို ဝိုင်း​ရံ​သိမ်း​ပိုက်​နိုင်​ရန် မြေ​က​တုတ်​များ ကို​မြို့​ပတ်​လည်​တွင်​ဖို့​လုပ်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​ပြီ။ စစ်​ဘေး​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် သူ​တို့​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​ပါ လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သ​မျှ​သော စ​ကား​များ​မှန်​လျက်​နေ​သည်​ကို​တွေ့ မြင်​တော်​မူ​နိုင်​ပါ​၏။-

25. သို့​ရာ​တွင် အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဤ​မြို့​ကို​ဗာ​ဗု​လုန်​ပြည်​သား​တို့​သိမ်း​ပိုက် အံ့​ဆဲ​ဆဲ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​အား​အ​သိ​သက်​သေ​များ​ရှေ့​တွင် လယ်​မြေ​ကို​ဝယ်​ယူ​ရန်​အ​မိန့်​ပေး​တော် မူ​ပါ​သည်​တ​ကား'' ဟု​လျှောက်​လေ​၏။

26. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-

27. ``ငါ​သည်​လူ​သား​အ​ပေါင်း​တို့​၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မ​တတ် နိုင်​လောက်​အောင်​ခက်​ခဲ​သည့်​အ​မှု​အ​ရာ ဟူ​၍​မ​ရှိ။-

28. ထို့​ကြောင့်​ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နှင့် သူ့​တပ်​မ​တော်​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​သည်​ဤ​မြို့​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။-

29. ဤ​မြို့​ကို​တိုက်​ခိုက်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား တို့​သည်​လာ​၍​မီး​ရှို့​ကြ​လိမ့်​မည်။ အိမ်​ခေါင်​မိုး များ​အ​ထက်​တွင်​ဗာ​လ​ဘု​ရား​အား​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ အ​ခြား​ဘု​ရား​များ​အ​တွက်​စပျစ် ရည်​ပူ​ဇော်​သကာ​ကို​သွန်း​လောင်း​ခြင်း​အား ဖြင့်​လည်း​ကောင်း ငါ​၏​အ​မျက်​တော်​ကို​လူ တို့​လှုံ့​ဆော်​ရာ​အိမ်​များ​နှင့်​အ​တူ ဤ​မြို့ တစ်​မြို့​လုံး​သည်​လောင်​ကျွမ်း​၍​သွား​လိမ့် မည်။-

30. ဣ​သ​ရေ​လ​နှင့်​ယုဒ​ပြည်​သား​တို့​သည်​ရှေး မ​ဆွ​က​ပင်​လျှင်​အ​စ​ပြု​၍ ငါ​မ​နှစ်​သက် သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု​ခဲ့​ကြ​ပေ သည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​မိ​မိ တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​၏။-

31. ဤ​မြို့​ကို​တည်​ထောင်​သည့်​နေ့​မှ​အ​စ​ပြု​၍ မြို့​သူ​မြို့​သား​တို့​သည် ငါ​၏​အ​မျက်​တော် ကို​ပြင်း​ထန်​စွာ​လှုံ့​ဆော်​ခဲ့​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 32