ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 30:8-23-24 Common Language Bible (BCL)

8. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ထို နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​ထို​သူ​တို့​၏​လည်​ဂုတ်​ပေါ်​မှ​ထမ်း ပိုး​ကို​ချိုး​ကာ သူ​တို့​အား​ချည်​နှောင်​ထား သည့်​သံ​ကြိုး​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ တို့​သည်​နိုင်​ငံ​ခြား​သား​တို့​ထံ​တွင်​ကျွန်​ခံ ရ​ကြ​တော့​မည်​မ​ဟုတ်။-

9. မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် အ​ဖြစ်​ငါ​ခန့်​ထား​မည့်​ဒါ​ဝိဒ်​မင်း​ဆက်​၏ အ​မှု​တော်​ကို​လည်း​ကောင်း​ထမ်း​ဆောင်​ရ​ကြ လိမ့်​မည်။

10. ``ငါ​၏​ကျွန်​ယာ​ကုပ်၊မ​ကြောက်​ကြ​နှင့်။ဣ​သ​ရေ​လ​ပြည်​သား​တို့​ထိတ်​လန့်​တုန်​လှုပ်​မှု မ​ဖြစ်​ကြ​နှင့်။သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​နေ​ရ​ကြ​သော ပြည်၊ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား ငါ​ကယ်​ဆယ်​မည်။သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။သင်​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ လိမ့်​မည်။အ​ဘယ်​သူ​မျှ​သူ​တို့​အား​ချောက်​လှန့် ရ​လိမ့်​မည်​မ​ဟုတ်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ဖြစ်​၏။

11. ငါ​သည်​ကယ်​တင်​ရန်​သင်​တို့​ထံ​လာ​မည်။သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ​နိုင်​ငံ တ​ကာ​တို့​အား ဖျက်​ဆီး​မည်။သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည်​မ​ဟုတ်။ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်းအ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား တ​ရား​သ​ဖြင့်​ပြု​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

12. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား``သင်​တို့​၏​အ​နာ​များ​သည်​ကျက်​နိုင် တော့​မည်​မ​ဟုတ်။သင်​တို့​၏​ဝေ​ဒ​နာ​များ​သည်​ကု​သ​၍ မ​ပျောက်​နိုင်​တော့​ပေ။

13. သင်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။သင်​တို့​အ​နာ​များ​အ​တွက်​လည်း​ဆေး တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ​သ​ဖြင့်သင်​တို့​သည်​မိ​မိ​တို့​အ​နာ​ရော​ဂါ​ပျောက် ကင်း​မှု​အ​တွက် မျှော်​လင့်​ရာ​မဲ့​ချေပြီ။

14. သင်​တို့​၏​ချစ်​ခင်​သူ​များ​သည်​သင်​တို့​အား မေ့​ပျောက်​၍ သွား​ကြ​လေ​ကုန်​ပြီ။သူ​တို့​သည်​ဂ​ရု​မ​စိုက်​ကြ​တော့​ပေ။သင်​တို့​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည် ကြီး​မား​လှ​သ​ဖြင့်ငါ​သည်​ရန်​သူ​သ​ဖွယ်​သင်​တို့​အား​ဒဏ်​ရာ​ရ စေ​ခဲ့​၏။သင်​တို့​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​သည်​ပြင်း​ထန်​၏။

15. သင်​တို့​သည်​မိ​မိ​တို့​၏​မ​ပျောက်​ကင်း​နိုင်​သည့်ဝေ​ဒ​နာ​များ​အ​ကြောင်း​ကို​မ​ညည်း​ညူ​ကြ နှင့်​တော့။သင်​တို့​၏​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည်​ကြီး​မား​လှ​သ​ဖြင့်၊ငါ​သည်​သင်​တို့​အား​ဤ​သို့​အ​ပြစ်​ဒဏ် ခတ်​ရ​ခြင်း​ဖြစ်​၏။

16. ယ​ခု​မှာ​မူ​သင်​တို့​အား​ဝါး​မျို​သူ​အ​ပေါင်း တို့​သည် ဝါး​မျို​ခြင်း​ကို​ခံ​ရ​၍သင်​တို့​၏​ရန်​သူ​အ​ပေါင်း​သည်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​သည် နှိပ်​စက်​ညှဉ်း​ပန်း​ခြင်း​ကို​ခံ​ရ​၍၊သင်​တို့​အား​တိုက်​ခိုက်​လု​ယက်​သူ​အ​ပေါင်း​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

17. သင်​တို့​၏​ရန်​သူ​များ​က`ဇိ​အုန်​မြို့​သည် အ​ပယ်​ခံ​ဖြစ်​လေ​ပြီ။ထို​မြို့​ကို​အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ​တော့' ဟု​ဆို​သော်​လည်းငါ​သည်​သင်​တို့​အား​တစ်​ဖန်​ပြန်​၍​ကျန်း​မာ လာ​စေ​မည်။သင်​တို့​၏​အ​နာ​များ​ကို​ကျက်​စေ​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

18. ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ယာ​ကုပ်​အ​မျိုး​၏​တဲ​ကို​ပြန်​လည် ကြွယ်​ဝ​စေ​မည်။ ပြန်​လည်​ပို့​ဆောင်​မည်။သူ​တို့​၏​အိမ်​ထောင်​စု​မှန်​သ​မျှ​ကို​က​ရု​ဏာ ထား​မည်။ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​၍နန်း​တော်​ကို​လည်း​ပြန်​လည်​တည်​ဆောက် ရ​ကြ​လိမ့်​မည်။

19. ထို​နေ​ရာ​တို့​တွင်​နေ​ထိုင်​ကြ​သူ​များ​သည် ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ လိမ့်​မည်။ငါ​သည်​သူ​တို့​အား​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။

20. ငါ​သည်​ဤ​ပြည်​အား​ရှေး​အ​ခါ​က​ရ​ရှိ​ခဲ့​သည့် တန်​ခိုး​အာ​ဏာ​ကို​ပြန်​လည်​ပေး​၍ထို​တန်​ခိုး​အာ​ဏာ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ စေ​မည်။သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​ကို​ငါ အ​ပြစ်​ဒဏ်​ခတ်​မည်။

21-22. သူ​တို့​ကို​အုပ်​စိုး​မည့်​သူ​သည်​သူ​တို့​လူ​မျိုး​မှ ပေါ်​ထွန်း​ရ​လိမ့်​မည်။သူ​တို့​၏​မင်း​သည်​သူ​တို့​အ​မျိုး​သား​များ အ​ထဲ​မှ​ပေါ်​ထွန်း​ရ​လိမ့်​မည်။ငါ​ဖိတ်​ခေါ်​သော​အ​ခါ​ထို​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​လိမ့်​မည်။ငါ​မ​ဖိတ်​မ​ခေါ်​ဘဲ​အ​ဘယ်​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​ဝံ့​သ​နည်း။သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

23-24. ကိုယ်​တော်​၏​အ​မျက်​တော်​သည်​သူ​ယုတ်​မာ တို့​၏​ဦး​ခေါင်း​ထက်​တွင် တိုက်​ခတ်​သည့်​လေ ပြင်း​မုန်​တိုင်း​နှင့်​တူ​၏။ ထို​အ​မျက်​တော်​သည် ကိုယ်​တော်​ကြံ​စည်​တော်​မူ​သ​မျှ​သော​အ​မှု များ​မ​ပြီး​မ​ချင်း​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် နောင်​လာ​လတ္တံ့​သော​နေ့​ရက်​များ​၌​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 30