ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 3:4-10 Common Language Bible (BCL)

4. ``ယ​ခု​သင်​က​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန် တော်​မျိုး​၏​အ​ဖ​ဖြစ်​တော်​မူ​ပါ​၏။ က​လေး ဘ​ဝ​မှ​စ​၍​ပင်​ကျွန်​တော်​မျိုး​တို့​အား​ချစ် တော်​မူ​ခဲ့​ပါ​၏။-

5. ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက် ထွက်​၍​နေ​တော်​မူ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် မျိုး​အား​ထာ​ဝ​စဉ်​အ​မျက်​တော်​ရှ​၍​နေ တော်​မူ​မည်​မ​ဟုတ်​ပါ​ဟု​ဆို​၏။ အို ဣ​သ ရေ​လ၊ သင်​သည်​ဤ​သို့​ပြော​ဆို​ပြီး​နောက် မိ​မိ​ပြု​နိုင်​သ​မျှ​မ​ကောင်း​မှု​တို့​ကို​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။

6. ယော​ရှိ​မင်း​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​က ငါ့​ကို``ထို​သစ္စာ​မဲ့​သည့်​အ​မျိုး​သ​မီး​ဣ​သ ရေ​လ​သည် ငါ့​အား​မည်​သို့​စွန့်​ပစ်​၍​သွား သည်​ကို​သင်​မြင်​ပြီ​လော။ သူ​သည်​တောင်​မြင့် မှန်​သ​မျှ​အ​ပေါ်​တွင်​လည်း​ကောင်း၊ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင်​လည်း ကောင်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​၏။-

7. ဤ​သို့​ပြု​ပြီး​နောက်​သူ​သည်​ငါ့​ထံ​သို့​ပြန် လာ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင် သူ​သည်​ပြန်​၍​မ​လာ၊ ယင်း​သို့​မ​လာ​ကြောင်း ကို​သူ​၏​ညီ​မ၊ သစ္စာ​ဖောက်​ယု​ဒ​မြင်​လေ​၏။-

8. ဣ​သ​ရေ​လ​သည်​ငါ​ကို​စွန့်​ခွာ​၍​ပြည့်​တန်​ဆာ လုပ်​လျက်​နေ​သ​ဖြင့် သူ့​အား​ငါ​ကွာ​ရှင်း​နှင် ထုတ်​လိုက်​လေ​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​မ​ကြောက်​ရွံ့ ဘဲ မိ​မိ​ကိုယ်​တိုင်​ပင်​ပြည့်​တန်​ဆာ​လုပ်​ကာ၊-

9. ဣ​သ​ရေ​လ​၏​အ​ကျင့်​ပျက်​မှု​သည် မိ​မိ​နှင့် မ​ဆိုင်​သ​ကဲ့​သို့​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ လေ​သည်။ သူ​သည်​ကျောက်​တုံး​များ၊ သစ်​ပင် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​မှား ယွင်း​လေ​၏။-

10. ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​ပြီး​နောက် ဣ​သ ရေ​လ​၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​ငါ့​ထံ သို့​ပြန်​၍​လာ​၏။ စိတ်​လုံး​ဝ​ပါ​၍​မ​ဟုတ်။ ဟန်​ဆောင်​၍​သာ​လျှင်​လာ​ခြင်း​ဖြစ်​၏။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 3