ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 3:21-25 Common Language Bible (BCL)

21. တောင်​ထိပ်​များ​ပေါ်​တွင်​အ​သံ​တစ်​ခု​ကို ကြား​ရ​ကြ​၏။ထို​အ​သံ​ကား​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် အ​ပြစ်​ဒု​စ​ရိုက်​တွင်​ကျင်​လည်​ကာ၊မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မေ့​လျော့​ခဲ့​ကြ​သ​ဖြင့်၊ငို​ကြွေး​လျက်​ပန်​ကြား​လျှောက်​ထား​ကြ​သည့် အ​သံ​ပင်​ဖြစ်​၏။

22. သစ္စာ​မ​ရှိ​သူ​အ​ပေါင်း​တို့၊ပြန်​လာ​ကြ​လော့။ကိုယ်​တော်​သည်​သင်​တို့​ဖောက်​ပြန်​မှု​ကို ကု​စား​တော်​မူ​မည်သင်​တို့​က``ဟုတ်​ကဲ့​ပါ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သ​ဖြင့် အ​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့​လာ​ပါ မည်။-

23. တောင်​ထိပ်​များ​အ​ပေါ်​၌​ဝတ်​ပြု​ကိုး​ကွယ် ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​တို့​အ​ကူ​အ​ညီ​မ​ရ ပါ။ ဣ​သ​ရေ​လ​အ​တွက်​အ​ကူ​အ​ညီ​ကို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​၌​သာ​လျှင်​ရ​ရှိ​နိုင်​ပါ​၏။-

24. သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​ငယ်​စဉ်​ထဲ​က ရှက်​ဖွယ်​ကောင်း​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​သ​ဖြင့် ရှေး​ကာ​လ​မှ​စ​၍​ဘိုး ဘေး​များ​လုပ်​ကိုင်​စု​ဆောင်း​ထား​ခဲ့​သည်​သိုး အုပ်၊ နွား​အုပ်၊ သား​သ​မီး၊ ရှိ​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဆုံး​ရှုံး​ရ​ကြ​လေ​ပြီ။-

25. အ​ကျွန်ုပ်​တို့​သည်​အ​ရှက်​တွင်​လဲ​လျောင်း​ကာ အ​သ​ရေ​ပျက်​မှု​နှင့်​လွှမ်း​ခြုံ​၍​နေ​သင့်​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​ငယ်​စဉ်​အ​ချိန်​က​စ​၍ ယ​နေ့​ထိ​တိုင်​အောင် အ​ကျွန်ုပ်​တို့​နှင့်​ဘိုး​ဘေး များ​သည်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ​ပါ'' ဟု​ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 3