ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 3:1-13 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-

2. တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-

3. ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​မိုး​ဦး​ကို​ခေါင် စေ​၍ မိုး​နှောင်း​ကို​လည်း​မ​ရွာ​ဘဲ​နေ​စေ​ခြင်း ဖြစ်​၏။ သင်​သည်​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင် လျက်​ရှိ​၏။ သင်​၌​အ​ရှက်​အ​ကြောက်​မ​ရှိ တော့​ပေ။

4. ``ယ​ခု​သင်​က​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန် တော်​မျိုး​၏​အ​ဖ​ဖြစ်​တော်​မူ​ပါ​၏။ က​လေး ဘ​ဝ​မှ​စ​၍​ပင်​ကျွန်​တော်​မျိုး​တို့​အား​ချစ် တော်​မူ​ခဲ့​ပါ​၏။-

5. ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက် ထွက်​၍​နေ​တော်​မူ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် မျိုး​အား​ထာ​ဝ​စဉ်​အ​မျက်​တော်​ရှ​၍​နေ တော်​မူ​မည်​မ​ဟုတ်​ပါ​ဟု​ဆို​၏။ အို ဣ​သ ရေ​လ၊ သင်​သည်​ဤ​သို့​ပြော​ဆို​ပြီး​နောက် မိ​မိ​ပြု​နိုင်​သ​မျှ​မ​ကောင်း​မှု​တို့​ကို​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။

6. ယော​ရှိ​မင်း​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​က ငါ့​ကို``ထို​သစ္စာ​မဲ့​သည့်​အ​မျိုး​သ​မီး​ဣ​သ ရေ​လ​သည် ငါ့​အား​မည်​သို့​စွန့်​ပစ်​၍​သွား သည်​ကို​သင်​မြင်​ပြီ​လော။ သူ​သည်​တောင်​မြင့် မှန်​သ​မျှ​အ​ပေါ်​တွင်​လည်း​ကောင်း၊ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင်​လည်း ကောင်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​၏။-

7. ဤ​သို့​ပြု​ပြီး​နောက်​သူ​သည်​ငါ့​ထံ​သို့​ပြန် လာ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင် သူ​သည်​ပြန်​၍​မ​လာ၊ ယင်း​သို့​မ​လာ​ကြောင်း ကို​သူ​၏​ညီ​မ၊ သစ္စာ​ဖောက်​ယု​ဒ​မြင်​လေ​၏။-

8. ဣ​သ​ရေ​လ​သည်​ငါ​ကို​စွန့်​ခွာ​၍​ပြည့်​တန်​ဆာ လုပ်​လျက်​နေ​သ​ဖြင့် သူ့​အား​ငါ​ကွာ​ရှင်း​နှင် ထုတ်​လိုက်​လေ​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​မ​ကြောက်​ရွံ့ ဘဲ မိ​မိ​ကိုယ်​တိုင်​ပင်​ပြည့်​တန်​ဆာ​လုပ်​ကာ၊-

9. ဣ​သ​ရေ​လ​၏​အ​ကျင့်​ပျက်​မှု​သည် မိ​မိ​နှင့် မ​ဆိုင်​သ​ကဲ့​သို့​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ လေ​သည်။ သူ​သည်​ကျောက်​တုံး​များ၊ သစ်​ပင် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​မှား ယွင်း​လေ​၏။-

10. ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​ပြီး​နောက် ဣ​သ ရေ​လ​၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​ငါ့​ထံ သို့​ပြန်​၍​လာ​၏။ စိတ်​လုံး​ဝ​ပါ​၍​မ​ဟုတ်။ ဟန်​ဆောင်​၍​သာ​လျှင်​လာ​ခြင်း​ဖြစ်​၏။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။

11. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဣ​သ ရေ​လ​သည်​ငါ့​ထံ​မှ​မျက်​နှာ​လွှဲ​၍​သွား သော်​လည်း သစ္စာ​ဖောက်​ယု​ဒ​လောက်​မ​ဆိုး'' ဟု မိန့်​ကြား​တော်​မူ​၏။-

12. ကိုယ်​တော်​သည်​ငါ့​ကို​မြောက်​ပိုင်း​နိုင်​ငံ​သို့​စေ လွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​က ``သစ္စာ​ဖောက်​ဣ​သ ရေ​လ၊ ငါ့​ထံ​သို့​ပြန်​လာ​လော့။ ငါ​သည်​က​ရု ဏာ​ထား​တော်​မူ​သည်​ဖြစ်​၍​သင့်​အား​အ​မျက် ထွက်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​အ​စဉ်​အ​မြဲ အ​မျက်​ထွက်​လျက်​နေ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

13. သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ပုန်​ကန်​မိ​ကြောင်း​နှင့်​အ​ပြစ်​ရှိ ကြောင်း​ကို​သာ​လျှင်​ဝန်​ခံ​လော့။ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင် သင်​သည် လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​အား​မြတ်​နိုး ခဲ့​ကြောင်း​ကို​ဝန်​ခံ​လော့။ ငါ့​စ​ကား​ကို​နား မ​ထောင်​မိ​ခဲ့​ကြောင်း​ကို​လည်း​ဝန်​ခံ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 3