ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 29:5-20 Common Language Bible (BCL)

5. `သင်​တို့​အိမ်​ရာ​ဆောက်​လုပ်​၍​အ​တည်​တ​ကျ နေ​ထိုင်​ကြ​လော့။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​၍ ရ​ရှိ​သည့်​အ​သီး​အ​နှံ​များ​ကို​စား​ကြ​လော့။-

6. အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​ပြု​စေ​ကြ​လော့။ သင်​တို့​၏​သား​သ​မီး​တို့​အား​သား​သ​မီး​မွေး ဖွား​စေ​ရန်​အိမ်​ထောင်​ပြု​စေ​ကြ​လော့။ သင်​တို့ တွင်​လူ​ဦး​ရေ​တိုး​ပွား​စေ​ရ​မည်။ မ​ဆုတ်​ယုတ် စေ​ရ။-

7. သင်​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ငါ​ပို့​ဆောင် လိုက်​သည့်​မြို့​ကို​ကောင်း​ကျိုး​ပြု​ကြ​လော့။ ထို မြို့​ကောင်း​စား​လျှင်​သင်​တို့​လည်း​ကောင်း​စား မည်​ဖြစ်​၍ ထို​မြို့​အ​တွက်​ငါ​၏​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-

8. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​တော်​မူ​၏။ သင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ ပ​ရော​ဖက်​များ၊ အ​ခြား​အ​နာ​ဂတ်​ဟော​သည့် ဆ​ရာ​များ​၏​လိမ်​လည်​လှည့်​စား​မှု​ကို​မ​ခံ ကြ​နှင့်။ သူ​တို့​၏​အိပ်​မက်​များ​ကို​လည်း​မည် သို့​မျှ​ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။-

9. သူ​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​မု​သား စ​ကား​ကို​ပြော​ဆို​နေ​ကြ​၏။ သူ​တို့​အား​ငါ မ​စေ​လွှတ်​ခဲ့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။

10. ``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။-

11. သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။-

12. ထို​အ​ခါ​သင်​တို့​သည်​ငါ့​အား​ဟစ်​ခေါ်​ကြ လိမ့်​မည်။ ငါ့​ထံ​သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​၏​ပန် ကြား​ချက်​ကို​နား​ညောင်း​မည်။-

13. သင်​တို့​သည်​စိတ်​နှ​လုံး​အကြွင်း​မဲ့​နှင့်​ရှာ​မည် ဖြစ်​သ​ဖြင့် ငါ့​ကို​ရှာ​၍​တွေ့​ရှိ​ကြ​လိမ့်​မည်။-

14. သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။

15. ``သင်​တို့​ပြည်​သူ​များ​က​မိ​မိ​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တွင် ပ​ရော​ဖက်​များ​ကို​ပေါ်​ထွန်း​စေ​တော်​မူ လေ​ပြီ​ဟု​ဆို​ကြ​၏။-

16. ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​တွင်​ထိုင်​သည့်​ဘု​ရင်​အား လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ​သုံ့​ပန်း​များ အ​ဖြစ်​အ​ဖမ်း​မ​ခံ​ခဲ့​ရ​သော​သင်​တို့​၏ ဆွေ​မျိုး​ညာ​တိ​များ​ဖြစ်​သူ ဤ​မြို့​မှ​မြို့​သူ မြို့​သား​တို့​အား​လည်း​ကောင်း​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။-

17. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည် သူ​တို့​အ​ပေါ်​သို့​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက် ရောက်​စေ​မည်။ သူ​တို့​အား​စား​၍​မ​ဖြစ်​အောင် ပုပ်​သည့်​သင်္ဘော​သ​ဖန်း​သီး​များ​ကဲ့​သို့​ဖြစ် စေ​မည်။-

18. ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-

19. သူ​တို့​သည်​ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် အ​ဖန်​ဖန်​အ​ထပ်​ထပ်​ငါ​ပေး​ပို့​ခဲ့ သည့်​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ခဲ့​ကြ။ သို့ ဖြစ်​၍​ဤ​သို့​အ​မှု​ရောက်​ရ​ကြ​ပေ​လိမ့်​မည်။ သူ​တို့​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​နား​ထောင် ရန်​ငြင်း​ဆန်​ခဲ့​ကြ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။-

20. ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ငါ​ပြည် နှင်​ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့၊ သင် တို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် စကား​ကို​နား​ထောင်​ကြ​လော့' ဟူ​၍​မိန့်​တော် မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 29