ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 29:14-22 Common Language Bible (BCL)

14. သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။

15. ``သင်​တို့​ပြည်​သူ​များ​က​မိ​မိ​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တွင် ပ​ရော​ဖက်​များ​ကို​ပေါ်​ထွန်း​စေ​တော်​မူ လေ​ပြီ​ဟု​ဆို​ကြ​၏။-

16. ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​တွင်​ထိုင်​သည့်​ဘု​ရင်​အား လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ​သုံ့​ပန်း​များ အ​ဖြစ်​အ​ဖမ်း​မ​ခံ​ခဲ့​ရ​သော​သင်​တို့​၏ ဆွေ​မျိုး​ညာ​တိ​များ​ဖြစ်​သူ ဤ​မြို့​မှ​မြို့​သူ မြို့​သား​တို့​အား​လည်း​ကောင်း​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။-

17. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည် သူ​တို့​အ​ပေါ်​သို့​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက် ရောက်​စေ​မည်။ သူ​တို့​အား​စား​၍​မ​ဖြစ်​အောင် ပုပ်​သည့်​သင်္ဘော​သ​ဖန်း​သီး​များ​ကဲ့​သို့​ဖြစ် စေ​မည်။-

18. ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-

19. သူ​တို့​သည်​ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် အ​ဖန်​ဖန်​အ​ထပ်​ထပ်​ငါ​ပေး​ပို့​ခဲ့ သည့်​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ခဲ့​ကြ။ သို့ ဖြစ်​၍​ဤ​သို့​အ​မှု​ရောက်​ရ​ကြ​ပေ​လိမ့်​မည်။ သူ​တို့​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​နား​ထောင် ရန်​ငြင်း​ဆန်​ခဲ့​ကြ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။-

20. ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ငါ​ပြည် နှင်​ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့၊ သင် တို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် စကား​ကို​နား​ထောင်​ကြ​လော့' ဟူ​၍​မိန့်​တော် မူ​၏။

21. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ အား​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​နေ​သူ ကော​လာ​ယ​၏​သား အာ​ဟပ်​နှင့် မာ​သေ​ယ​၏​သား​ဇေ​ဒ​ကိ​တို့​ကို ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော် က​မိ​မိ​သည်​ထို​သူ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​ပေး​အပ်​မည်​ဖြစ် ၍ ထို​ဘု​ရင်​သည်​လည်း​သူ​တို့​အား​သင်​တို့ ၏​မျက်​မှောက်​၌​ပင်​ကွပ်​မျက်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လေ​ပြီ။-

22. ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 29