ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 28:9-17 Common Language Bible (BCL)

9. သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

10. ထို​အ​ခါ​ဟာ​န​နိ​သည်​ငါ​၏​လည်​ဂုတ် ပေါ်​မှ​ထမ်း​ပိုး​ကို​ဖြုတ်​ယူ​၍ အ​ပိုင်း​ပိုင်း ချိုး​ပစ်​ပြီး​လျှင်၊-

11. လူ​အ​ပေါင်း​တို့​၏​ရှေ့​၌​ငါ့​အား``လူ​မျိုး​တ​ကာ တို့​အ​ပေါ်​သို့​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​တင်​သော ထမ်း​ပိုး​ကို ဤ​နည်း​အ​တိုင်း​ပင်​ချိုး​ပစ်​တော် မူ​မည်။ နှစ်​နှစ်​အ​တွင်း​ဤ​အ​မှု​ကို​ဖြစ်​ပွား စေ​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏'' ဟု​ပြော​၏။ ထို​အ​ခါ​ငါ​သည် ထွက်​ခွာ​ခဲ့​၏။

12. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-

13. ဟာ​န​နိ​ထံ​သို့​သွား​၍``သင်​သည်​သစ်​သား​ထမ်း ပိုး​ကို​ချိုး​ပစ်​နိုင်​စွမ်း​ရှိ​သော်​လည်း ကိုယ်​တော် သည်​သံ​ထမ်း​ပိုး​ဖြင့်​အ​စား​ထိုး​တော်​မူ​မည်။-

14. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး တ​ကာ​တို့​အ​ပေါ်​သို့​သံ​ထမ်း​ပိုး​ကို​တင် တော်​မူ​မည်​ဖြစ်​၍ ထို​သူ​တို့​သည်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​အ​စေ​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က​တော​တိ​ရစ္ဆာန်​များ​အား​ပင်​လျှင်​နေ​ဗု​ခဒ် နေ​ဇာ​၏​အ​စေ​ကို​ခံ​စေ​မည်​ဟု​မိန့်​တော်​မူ လေ​ပြီ'' ဟု​ပြော​ကြား​ရန်​စေ​ခိုင်း​တော်​မူ​၏။-

15. ထို​နောက်​ငါ​သည်​ဟာ​န​နိ​အား``ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် ဤ​ပြည်​သူ​တို့​အား​မု​သား​စ​ကား​ကို ယုံ​ကြည်​အောင်​ပြု​လျက်​နေ​သည်​ဖြစ်​၍၊-

16. သင့်​အား​ဖယ်​ရှား​ပစ်​တော်​မူ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ လေ​ပြီ။ သင်​သည်​ပြည်​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော်​ပြော​ဆို​သည် ဖြစ်​၍​ဤ​နှစ်​မ​ကုန်​မီ​သေ​ရ​လိမ့်​မည်'' ဟု ဆို​၏။

17. ပ​ရော​ဖက်​ဟာ​န​နိ​သည်​ထို​နှစ်​သတ္တမ​လ ၌​ပင်​သေ​ဆုံး​သွား​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 28