ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 27:9-16 Common Language Bible (BCL)

9. အိပ်​မက်​အ​နက်​ဖွင့်​သူ​များ၊ လူ​သေ​ဝိ​ညာဉ် များ​ကို​ခေါ်​ယူ​၍ မှော်​အ​တတ်​အား​ဖြင့် အ​နာ​ဂတ်​ကို​ဟော​နိုင်​သည်​ဟု​ဆို​သူ​များ၊ သို့​မ​ဟုတ်​သင်​တို့​၏​ပ​ရော​ဖက်​များ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့ အား​လုံး​ပင်​လျှင်​သင်​တို့​အား​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​စေ​ကို​မ​ခံ​ရန်​ပြော​ကြား ကြ​၏။-

10. သူ​တို့​သည်​သင်​တို့​အား​လိမ်​လည်​ဟော​ပြော လျက်​နေ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​မိ​မိ တို့​ပြည်​မှ​ရပ်​ဝေး​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​ကို​နှင်​ထုတ် မည်။ သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကြ​လိမ့် မည်။-

11. သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

12. ငါ​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​အား​လည်း အ​ထက်​ပါ​အ​တိုင်း​လျှောက်​၏။ ငါ​က``အ​ရှင် သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​ပါ​လော့။ ထို​ဘု​ရင်​နှင့်​သူ​၏​အ​မျိုး သား​များ​၏​အ​စေ​ကို​ခံ​ပါ​မူ​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-

13. အ​ရှင်​နှင့်​အ​ရှင်​၏​အ​မျိုး​သား​တို့​သည် အ​ဘယ် ကြောင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ​ရော​ဂါ​ဘေး​သင့်​၍ သေ​ရ​ကြ​ပါ​မည်​နည်း။ ဗာ​ဗု​လုန်​၏​အ​စေ​ကို မ​ခံ​သည့်​လူ​မျိုး​သည် ဤ​နည်း​အ​တိုင်း​ဖြစ်​ရ လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​ပြီ။-

14. ဗာဗု​လုန်​မင်း​၏​အ​စေ​ကို​မ​ခံ​ရန်​အ​ရှင့်​အား ပြော​ဆို​ကြ​သည့်​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​နား​ထောင်​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​သည် အ​ရှင့်​အား​လိမ်​လည်​ပြော​ဆို​နေ​ခြင်း​ဖြစ် ပါ​၏။-

15. ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​က​ထို​သူ​တို့ အား မိ​မိ​စေ​လွှတ်​တော်​မ​မူ​ကြောင်း​မိန့်​တော် မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​လျက်​နေ ကြ​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင့်​အား​နှင်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​လိမ်​လည် ဟော​ပြော​ကြ​သည့်​ပ​ရော​ဖက်​များ​သည် သေ​ကြေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​၏။

16. ထို​နောက်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ပြည်​သူ​တို့​အား​ဆင့်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား က``ဗိ​မာန်​တော်​ဘဏ္ဍာ​များ​သည်​ဗာ​ဗု​လုန် ပြည်​မှ​မ​ကြာ​မီ​ပြန်​လည်​ရောက်​ရှိ​လာ လိမ့်​မည်​ဟု ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့ ၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ တို့​သည်​သင်​တို့​အား​လိမ်​လည်​နေ​ကြ ခြင်း​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 27