ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 27:1-8 Common Language Bible (BCL)

1. ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း တက်​ပြီး​နောက် များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊-

2. ``သား​ရေ​ကြိုး​များ၊ ကန့်​လန့်​ဖြတ်​သစ်​သား တန်း​များ​ဖြင့်​နွား​ထမ်း​ပိုး​ပြု​လုပ်​၍​သင် ၏​လည်​ကုပ်​တွင်​တင်​လော့။-

3. ထို​နောက်​ဇေ​ဒ​ကိ​မင်း​နှင့်​တွေ့​ဆုံ​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​သော​သံ​တ​မန် များ​မှ​တစ်​ဆင့်​ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အမ္မုန် မင်း၊ တု​ရု​မင်း​နှင့်​ဇိ​ဒုန်​မင်း​တို့​ထံ​သို့ သ​တင်း​ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။-

4. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား``သင်​သည်​ထို​သံ​တ​မန်​များ​မှ​တစ်​ဆင့် မိ​မိ​တို့​၏​ဘု​ရင်​များ​အား​ဤ​သို့​ပြော ကြား​စေ​လော့။-

5. ငါ​သည်​မိ​မိ​၏​ကြီး​မား​သော​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​များ၊ တိ ရစ္ဆာန်​များ​နှင့်​တ​ကွ​ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မူ​ခဲ့​သည်​ဖြစ်​၍ ထို​ကမ္ဘာ​လော​က ကို​မိ​မိ​၏​ဆ​န္ဒ​အ​လျောက်​အ​ဘယ်​သူ့​အား မ​ဆို​ပေး​အပ်​နိုင်​ပေ​သည်။-

6. လူ​မျိုး​တ​ကာ​တို့​အား​ငါ​၏​အ​စေ​ခံ​နေ ဗု​ခဒ်​နေ​ဇာ​၏​လက်​အောက်​သို့​ကျ​ရောက်​စေ သူ​မှာ​ငါ​ပင်​ဖြစ်​၏။ ငါ​သည်​တော​တိ​ရစ္ဆာန် များ​ကို​ပင်​လျှင်​သူ​၏​အ​စေ​ကို​ခံ​စေ​လေ ပြီ။-

7. သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။

8. သို့​ရာ​တွင်​ဘယ်​လူ​မျိုး​သို့​မ​ဟုတ်​ဘယ် နိုင်​ငံ​သည် ထို​မင်း​၏​အုပ်​စိုး​မှု​ကို​မ​ခံ​ဘဲ နေ​လျှင် ထို​လူ​မျိုး​အား​နေ​ဗု​ခဒ်​နေ​ဇာ မ​ဖျက်​ဆီး​မီ​တိုင်​အောင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ ရော​ဂါ​ဘေး​တို့​ဖြင့်​ငါ​သည်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 27