ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 24:3-10 Common Language Bible (BCL)

3. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ သင်​အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု​မေး တော်​မူ​၏။ငါ​က​လည်း``သင်္ဘော​သ​ဖန်း​သီး​များ​ကို​မြင် ပါ​သည်။ ကောင်း​သော​သင်္ဘော​သ​ဖန်း​သီး​များ သည် အ​လွန်​ကောင်း​၍​ပုပ်​သော​သင်္ဘော​သ​ဖန်း သီး​များ​မှာ​စား​၍​မ​ရ​နိုင်​လောက်​အောင်​ပုပ် ၍​နေ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

4-5. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် ငါ့​ထံ​သို့​ရောက်​လာ​၏``ဗာ​ဗု​လုန်​မြို့​သို့​လိုက် ပါ​သွား​ရ​သူ​တို့​သည်​သင်္ဘော​သ​ဖန်း​သီး ကောင်း​များ​နှင့်​တူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ရှု​မှတ်​ကာ​ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​နှင့် ဆက်​ဆံ​မည်။-

6. သူ​တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​၍​ဤ​ပြည်​သို့ ပြန်​လည်​ခေါ်​ဆောင်​လာ​မည်။ ငါ​သည်​သူ​တို့ အား​ဖြို​၍​မ​ပစ်​ဘဲ​တည်​ဆောက်​၍​ပေး​မည်။ ဆွဲ​နုတ်​၍​မ​ပစ်​ဘဲ​စိုက်​ပျိုး​၍​ပေး​မည်။-

7. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သိ​ရှိ​လို​သော​စိတ်​နှ​လုံး​ကို​သူ​တို့​အား​ငါ ပေး​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး တော်​ဖြစ်​လျက် ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ သည်​စိတ်​ပါ​လက်​ပါ ငါ​၏​ထံ​သို့​ပြန်​လာ ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။

8. ``ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏​အ​ခြွေ​အ​ရံ မှူး​မတ်​များ​နှင့် ဤ​ပြည်​တွင်​ကျန်​ရစ်​ခဲ့​သူ သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​သို့​ပြောင်း​ရွှေ့​သွား သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​မူ​ကား ငါ ထာ​ဝ​ရ​ဘု​ရား​သည်​စား​၍​မ​ရ​နိုင်​လောက် အောင်​ပုပ်​နေ​သည့်​သ​င်္ဘော​သ​ဖန်း​သီး​များ ကဲ့​သို့​ရှု​မှတ်​မည်။-

9. ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​ထိတ် လန့်​တုန်​လှုပ်​သွား​လောက်​အောင် ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ သူ​တို့​အား​လူ​တို့​သည်​ပြက် ရယ်​ပြု​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​ကြောင်း ကို​ပြက်​လုံး​ထုတ်​လျက်​သ​ရော်​ပြော​ဆို ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ကွဲ​လွင့်​စေ သည့်​အ​ရပ်​မှန်​သ​မျှ​တို့​၌​လည်း သူ​တို့ ၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ​ရာ​တွင် အ​သုံး​ပြု​ကြ​လိမ့်​မည်။-

10. သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​အား​ငါ ပေး​အပ်​ခဲ့​သည့်​ပြည်​တွင် သူ​တို့​တစ်​စုံ​တစ် ယောက်​မျှ​မ​ကြွင်း​မ​ကျန်​တော့​သည့်​တိုင် အောင် ငါ​သည်​သူ​တို့​အ​ပေါ်​သို့​စစ်​မက်​ဘေး အန္တ​ရာယ်​ကို​လည်း​ကောင်း၊ အ​စာ​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး ကို​လည်း​ကောင်း​သက်​ရောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 24