30. မိမိတို့အချင်းချင်းပြောဆိုကြသည့်စကား များကို ငါ၏ဗျာဒိတ်တော်ကဲ့သို့ပြန်ကြားပြော ဆိုသည့်ပရောဖက်တို့ကိုငါဆန့်ကျင်ဘက်ပြု မည်။-
31. မိမိတို့၏စကားကိုငါ့စကားကဲ့သို့ပြော ဆိုသည့် ပရောဖက်တို့ကိုလည်းဆန့်ကျင်ဘက် ပြုမည်။-
32. ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
33. ထာဝရဘုရားကငါ့အား``ယေရမိ၊ ငါ ၏လူမျိုးတော်အနက်မှတစ်စုံတစ်ယောက် သောသူကသော်လည်းကောင်း၊ ပရောဖက်သို့ မဟုတ် ယဇ်ပုရောဟိတ်ကသော်လည်းကောင်း သင့်အား`ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်နည်း' ဟုမေးသောအခါ`ထာဝရ ဘုရားကငါသည်သင့်ကိုဖယ်ရှားတော် မူလိမ့်မည်' ဟုဖြေကြားလော့။-
34. အကယ်၍ပရောဖက်သို့မဟုတ် ယဇ်ပုရောဟိတ် တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ လူတစ်ဦး တစ်ယောက်ကသော်လည်းကောင်း`ထာဝရဘုရား ၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကိုသုံးနှုန်း ပါမူ ငါသည်ထိုသူနှင့်သူ၏အိမ်ထောင်စု အားအပြစ်ဒဏ်ခတ်မည်။-
35. သူသည်ထိုသို့ပြောဆိုမည့်အစား မိမိ၏ အသိမိတ်ဆွေများနှင့်ဆွေမျိုးညာတိတို့ အား`ထာဝရဘုရားအဘယ်သို့ဖြေကြား တော်မူပါသနည်း။ ကိုယ်တော်အဘယ်သို့ မိန့်တော်မူပါသနည်း' ဟူ၍မေးမြန်းရာ၏။-
36. သို့ဖြစ်၍`ထာဝရဘုရား၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကို နောက်တစ်ဖန်ထိုသူတို့ မပြောရကြ။ အဘယ်ကြောင့်ဆိုသော်တစ် စုံတစ်ယောက်သောသူသည်ဤသို့ပြောဆို ပါက၊ ငါ၏ဗျာဒိတ်တော်ကိုယင်းသို့ပြော ဆိုသူအတွက်အကယ်ပင်ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်။ လူတို့သည် မိမိတို့၏ဘုရားသခင်၊ အသက်ရှင်တော်မူသောအနန္တ တန်ခိုးရှင်ထာဝရဘုရား၏စကား တော်ကို အမှောက်မှောက်အမှားမှားဖြစ် စေကြလေပြီ။-
37. ``ထာဝရဘုရားသည်သင်တို့အားအဘယ် သို့ဖြေကြားတော်မူပါသနည်း။ ကိုယ်တော် အဘယ်သို့ဗျာဒိတ်ပေးတော်မူပါသနည်း' ဟုပရောဖက်တို့အားမေးမြန်းရန်ထာဝရ ဘုရားကယေရမိအားမိန့်တော်မူ၏။-
38. အကယ်၍သူတို့သည်ငါ၏အမိန့်တော်ကို မနာခံဘဲ``ထာဝရဘုရား၏ဝန်ထုပ်ဝန် ပိုး'' ဟူသောစကားကိုသုံးသောသူတို့ အားဤသို့ပြောကြားလော့။-
39. ငါသည်သူတို့နှင့်တကွသူတို့၏ဘိုးဘေး များအား ပေးအပ်ခဲ့သည့်မြို့ကိုကောက်ယူ၍ အဝေးသို့ပစ်ထုတ်မည်။-
40. သူတို့သည်အဘယ်အခါ၌မျှမေ့ပျောက်၍ မရနိုင်သော ထာဝစဉ်အသရေပျက်အရှက် ကွဲမှုကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။