ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 23:21-39 Common Language Bible (BCL)

21. ထာ​ဝ​ရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​တို့​သည် ငါ မ​စေ​လွှတ်​သော်​လည်း​ထွက်​သွား​ကြ​၏။ သူ​တို့ အား​အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ​ငါ​မ​ပေး​သော် လည်း သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဟော​ပြော​ကြ​၏။-

22. အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တော်​တို့​ကို​သာ​သိ​ရှိ​ကြ မည်​ဆို​ပါ​မူ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ငါ့​လူ မျိုး​တော်​အား​ဟော​ပြော​ကြေ​ညာ​ကာ သူ​တို့ ၏​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​နှင့်​သူ​တို့​ပြု သည့်​ယုတ်​မာ​မှု​များ​ကို​စွန့်​ပစ်​စေ​နိုင်​ကြ လိမ့်​မည်။

23. ``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''

24. ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''

25. `ငါ​အိပ်​မက်​မက်​သည်၊ ငါ​အိပ်​မက်​မက်​သည်' ဟု မိ​မိ​တို့​အိပ်​မက်​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြား​ရ​ပါ​သည်​ဟု ငါ့​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​လိမ်​လည်​ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့​၏ စ​ကား​ကို​ငါ​သိ​၏။-

26. ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-

27. မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-

28. အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-

29. ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-

30. မိ​မိ​တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​သည့်​စ​ကား များ​ကို ငါ​၏​ဗျာ​ဒိတ်​တော်​ကဲ့​သို့​ပြန်​ကြား​ပြော ဆို​သည့်​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင်​ဘက်​ပြု မည်။-

31. မိ​မိ​တို့​၏​စ​ကား​ကို​ငါ့​စ​ကား​ကဲ့​သို့​ပြော ဆို​သည့် ပ​ရော​ဖက်​တို့​ကို​လည်း​ဆန့်​ကျင်​ဘက် ပြု​မည်။-

32. ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

33. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-

34. အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

35. သူ​သည်​ထို​သို့​ပြော​ဆို​မည့်​အ​စား မိ​မိ​၏ အ​သိ​မိတ်​ဆွေ​များ​နှင့်​ဆွေ​မျိုး​ညာ​တိ​တို့ အား`ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ဖြေ​ကြား တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​အ​ဘယ်​သို့ မိန့်​တော်​မူ​ပါ​သနည်း' ဟူ​၍​မေး​မြန်း​ရာ​၏။-

36. သို့​ဖြစ်​၍`ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို နောက်​တစ်​ဖန်​ထို​သူ​တို့ မ​ပြော​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​တစ် စုံ​တစ်​ယောက်​သော​သူ​သည်​ဤ​သို့​ပြော​ဆို ပါ​က၊ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ယင်း​သို့​ပြော ဆို​သူ​အ​တွက်​အ​ကယ်​ပင်​ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​စေ​မည်။ လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်၊ အ​သက်​ရှင်​တော်​မူ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား တော်​ကို အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ် စေ​ကြ​လေ​ပြီ။-

37. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​ဘယ် သို့​ဖြေ​ကြား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော် အ​ဘယ်​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​ပါ​သ​နည်း' ဟု​ပ​ရော​ဖက်​တို့​အား​မေး​မြန်း​ရန်​ထာ​ဝ​ရ ဘု​ရား​က​ယေ​ရ​မိ​အား​မိန့်​တော်​မူ​၏။-

38. အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ``ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန် ပိုး'' ဟူ​သော​စ​ကား​ကို​သုံး​သော​သူ​တို့ အား​ဤ​သို့​ပြော​ကြား​လော့။-

39. ငါ​သည်​သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​ဘိုး​ဘေး များ​အား ပေး​အပ်​ခဲ့​သည့်​မြို့​ကို​ကောက်​ယူ​၍ အ​ဝေး​သို့​ပစ်​ထုတ်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 23