ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 17:20-27 Common Language Bible (BCL)

20. ယု​ဒ​ဘု​ရင်​များ​နှင့်​ပြည်​သား​တို့​အား​လည်း ကောင်း၊ ထို​တံ​ခါး​များ​ဖြင့်​ထွက်​ဝင်​သွား​လာ တတ်​သူ​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​အား​လည်း​ကောင်း​ငါ​၏​အ​မိန့်​တော်​ကို​နား ထောင်​ရန်​မှာ​ကြား​လော့။-

21. ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ​မ သယ်​မ​ဆောင်​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး များ​ကို​ဖြတ်​၍၊-

22. မိ​မိ​တို့​၏​အိမ်​များ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ မ​သယ်​မ​ယူ​ရကြ။ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌ အ​လုပ်​မ​လုပ်​ရ​ကြ။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ငါ​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ထို နေ့​ရက်​ကို​နေ့​ထူး​နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း ကြ​ရန်​ပြော​ကြား​လော့။-

23. သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်​မ​နာ​ခံ​ကြ။ သူ​တို့​သည်​ခေါင်း​မာ လျက်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​လို​ကြ။ ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လည်း​မ​ခံ​ယူ လို​ကြ။

24. ``ငါ​၏​အ​မိန့်​အား​လုံး​ကို နား​ထောင်​ရ​ကြ မည်​ဖြစ်​ကြောင်း​ထို​သူ​တို့​အား​ပြော​ကြား လော့။ သူ​တို့​ဥပုသ်​နေ့​၌​ဤ​မြို့​တံ​ခါး​များ ကို​ဖြတ်​၍ အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ မ​သယ်​မ​ယူ​ရ​ကြ။ ဥ​ပုသ်​နေ့​ကို​နေ့​ထူး နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ကာ​အ​ဘယ် အ​လုပ်​ကို​မျှ​မ​လုပ်​ကြ​လျှင်၊-

25. သူ​တို့​၏​ဘု​ရင်​များ​နှင့်​မင်း​ညီ​မင်း​သား​များ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​မြို့​တံ​ခါး​များ​ဖြင့် ဝင်​၍ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​ရာ​ဇ​တန်​ခိုး​အာ​ဏာ ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယု​ဒ​ပြည် သား​များ၊ ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့် အ​တူ မြင်း​ရ​ထား​များ​နှင့်​မြင်း​များ​ကို စီး​၍​သွား​လာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင် မြို့​သည်​လည်း​အ​စဉ်​အ​မြဲ​လူ​များ​နှင့် ပြည့်​နှက်​၍​နေ​လိမ့်​မည်။-

26. လူ​တို့​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​ပတ်​ဝန်း​ကျင်​ကျေး​ရွာ​များ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​ဗင်္ယာ​မိန်​နယ်​မြေ၊ တောင်​ခြေ​ဒေ​သ​များ၊ တောင်​တန်း​ဒေ​သ​များ နှင့်​ယု​ဒ​ပြည်​တောင်​ပိုင်း​နယ်​မြေ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ နှင့်​ယဇ်​များ​ကို​လည်း​ကောင်း၊ ဂျုံ​စ​ပါး​ပူ​ဇော် သကာ​များ၊ နံ့​သာ​ပေါင်း​နှင့်​ကျေး​ဇူး​တော်​ချီး မွမ်း​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား ၏​အိမ်​တော်​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-

27. သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ ဥ​ပုသ်​နေ့​ကို​နေ့​ထူး​နေ့​မြတ်​အ ဖြစ်​မ​စောင့်​ထိန်း​ဘဲ​ထို​နေ့​၌​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​ဖြတ်​၍​အ​ဘယ်​ဝန်​ထုပ် ဝန်​ပိုး​ကို​မျှ​မ​သယ်​ဆောင်​ရ။ အ​ကယ်​၍ သယ်​ဆောင်​ကြ​ပါ​မူ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​မီး​ရှို့​တော်​မူ​မည်။ ထို မီး​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘုံ​ဗိ​မာန်​များ ကို​ကျွမ်း​လောင်​သွား​စေ​လိမ့်​မည်။ ယင်း​ကို အ​ဘယ်​သူ​မျှ​ငြိမ်း​သတ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 17