ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 17:1-13 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့၊ သင် တို့​၏​အ​ပြစ်​ကို​သံ​က​ညစ်​နှင့်​ရေး​မှတ်​၍ ထား​၏။ ထို​အပြစ်​ကို​သင်​၏​စိတ်​နှ​လုံး​ပု​ရ ပိုက်​ပေါ်​၌​စိန်​သွား​တပ်​သည့်​က​ညစ်​ဖြင့်​ရေး မှတ်​၍ သင်​တို့​၏​ယဇ်​ပလ္လင်​ထောင့်​များ​၌​ထွင်း ထား​လျက်​ရှိ​၏။-

2-3. တောင်​ကုန်း​များ​ပေါ်​ရှိ​စိမ်း​လန်း​သည့်​သစ်​ပင် မှန်​သ​မျှ​တို့​၏​အ​နီး​၌​လည်း​ကောင်း၊ တောင် ထိပ်​များ​ပေါ်​၌​လည်း​ကောင်း၊ အာ​ရှ​ရ​နတ် သ​မီး​အ​တွက်​စိုက်​ထူ​ထား​သည့်​တံ​ခွန်​တိုင် များ​ယဇ်​ပလ္လင်​များ​ကို သင်​တို့​၏​သား​သ​မီး များ​ပင်​ကိုး​ကွယ်​ကြ​ပေ​သည်။ သင်​တို့​သည် မိ​မိ​တို့​၏​ပြည်​တစ်​လျှောက်​လုံး​တွင်​ကူး လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကြောင့် သင်​တို့​၏ စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ​ရ​တ​နာ​များ​ကို သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​မြင့်​သော တောင်​ကုန်း​များ​နှင့်​အ​တူ​ရန်​သူ​တို့​အား ငါ​သိမ်း​ယူ​စေ​မည်။-

4. သင်​၏​အ​ပြစ်​ကြောင့် သင်​တို့​သည်​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​ကို​စွန့်​လွှတ်​ရ​ကြ​လိမ့်​မည်။ ငါ ၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​နေ​မည်​ဖြစ်​၍ ငါ​သည်​သင် တို့​အား​မိ​မိ​တို့​မ​ရောက်​ဘူး​သည့်​ပြည်​တွင် ရန်​သူ​များ​၏​အ​စေ​ကို​ခံ​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

5. ထာ​ဝ​ရ​ဘု​ရား​က၊``လူ​ကို​လည်း​ကောင်း၊သေ​မျိုး​ဖြစ်​သော​သူ​၏ စွမ်း​ရည်​ကို​လည်း​ကောင်း​ယုံ​ကြည်​ကိုး​စား​၍၊ငါ့​ကို​ကျော​ခိုင်း​သူ​အား​ငါ​ကျိန်​စာ​သင့်​စေ​မည်။

6. ထို​သူ​သည်​အ​ခြား​အ​ဘယ်​အ​ပင်​မျှ​မ​ပေါက် သည့်တော​ကန္တာ​ရ​မြေ​ရိုင်း​တွင်​ပေါက်​သည့်​ခြုံ​ပုတ် နှင့်​တူ​၏။သူ​သည်​အ​ဘယ်​ကောင်း​ကျိုး​ကို​မျှ​မ​ခံ​စား​ရ။''

7. ``သို့​ရာ​တွင်​ငါ့​ကို​ကိုး​စား​၍​ယုံ​ကြည်​သူ​အား ငါ​ကောင်း​ချီး​ပေး​မည်။

8. ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''

9. ``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

10. ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

11. မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။

12. ငါ​တို့​ဗိ​မာန်​တော်​သည်​အ​စ​ကာ​လ​က​ပင် တောင်​ပေါ်​တွင်​တည်​လျက်၊ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​၏။

13. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 17