ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 11:4-15 Common Language Bible (BCL)

4. ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား သံ​မီး​ဖို​ကြီး​နှင့်​တူ​သော​အီ​ဂျစ်​ပြည်​မှ ငါ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က​ချုပ်​ဆို​ခဲ့​သည့် ပဋိ​ညာဉ်​ဖြစ်​၏။ ငါ​သည်​ထို​သူ​တို့​အား​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​ရန်၊ ငါ​ခိုင်း​စေ​သ​မျှ သော​အ​မှု​တို့​ကို​ပြု​လုပ်​ကြ​ရန်​မှာ​ကြား​ခဲ့ ၏။ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​စ​ကား​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ငါ​၏​လူ​မျိုး တော်​ဖြစ်​ရ​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့ ၏​ဘုရား​ဖြစ်​တော်​မူ​မည်။-

5. ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။ငါ​က``မှန်​လှ​ပါ၊ အို ထာ​ဝ​ရ​ဘု​ရား'' ဟု လျှောက်​လေ​၏။

6. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​သို့​သွား လော့။ ထို​အ​ရပ်​တို့​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြေ​ညာ​ကာ၊ ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့် အ​ချက်​အ​လက်​များ​ကို​နား​ထောင်​လိုက်​နာ ကျင့်​သုံး​ရန်​သူ​တို့​အား​ပြော​ကြား​လော့။-

7. သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-

8. သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​မ ထောင်​ကြ။ လိုက်​နာ​မှု​လည်း​မ​ပြု​ကြ။ သူ​တို့ အား​လုံး​ပင်​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ဆိုး ညစ်​မြဲ​ဆိုး​ညစ်​လျက်​နေ​ကြ​၏။ ငါ​သည်​သူ တို့​အား​လိုက်​နာ​ရန်​အ​မိန့်​ချ​မှတ်​ထား​လျက် နှင့်​သူ​တို့​မ​လိုက်​နာ​ကြ​သော ပ​ဋိ​ညာဉ်​တော် တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​ကျိန်​စာ​များ​ကို​သူ တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​၏'' ဟု​မိန့်​တော် မူ​၏။

9. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယု​ဒ ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​တို့​သည် ငါ့​ကို​ပုန်​ကန်​လျက်​နေ​ကြ​၏။-

10. ငါ့​စ​ကား​ကို​နား​မ​ထောင်​သူ​မိ​မိ​တို့​ဘိုး ဘေး​များ​ပြု​ကျင့်​ခဲ့​သည့်​အ​ပြစ်​ဒု​စ​ရိုက် များ​ကို​ပင်​ပြန်​လည်​ပြု​ကျင့်​လျက်​နေ​ကြ လေ​ပြီ။ သူ​တို့​သည်​အ​ခြား​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လေ​ပြီ။ ဣသ​ရေ​လ​အ​မျိုး သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ​သည် ငါ​နှင့်​မိ​မိ​တို့​ဘိုး​ဘေး​များ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-

11. ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

12. ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-

13. ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-

14. ယေ​ရ​မိ၊ ထို​သူ​တို့​အ​ဖို့​နှင့်​သူ​တို့​၏​ကိုယ် စား​ငါ့​ထံ​သို့​မ​တောင်း​ပန်​နှင့်၊ အ​သ​နား​မ ခံ​နှင့်။ ဆု​တောင်း​ပတ္ထ​နာ​လည်း​မ​ပြု​နှင့်။ သူ​တို့ ဒုက္ခ​ရောက်​၍​ကူ​မ​ရန်​ငါ့​ထံ​ဟစ်​အော်​ကြ သော​အ​ခါ​ငါ​သည်​နား​ထောင်​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

15. ထာ​ဝ​ရ​ဘု​ရား​က``ငါ​ချစ်​မြတ်​နိုး​သည့် လူ​တို့​သည် မ​ကောင်း​မှု​များ​ကို​ပြု​ကျင့် လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​ဘယ်​သို့​လျှင် ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်​ရှိ​သ​နည်း။ တိ​ရစ္ဆာန်​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် သက်​ရောက်​လတ္တံ့​သော​ဘေး​အန္တ​ရာယ်​ဆိုး​ကို ဖယ်​ရှား​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ သူ တို့​သည်​ဆိုး​ညစ်​မှု​များ​ကို​ပြု​လုပ်​လျက် ဝမ်း​မြောက်​ကြ​မည်​လော။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 11