ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 11:11-23 Common Language Bible (BCL)

11. ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

12. ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-

13. ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-

14. ယေ​ရ​မိ၊ ထို​သူ​တို့​အ​ဖို့​နှင့်​သူ​တို့​၏​ကိုယ် စား​ငါ့​ထံ​သို့​မ​တောင်း​ပန်​နှင့်၊ အ​သ​နား​မ ခံ​နှင့်။ ဆု​တောင်း​ပတ္ထ​နာ​လည်း​မ​ပြု​နှင့်။ သူ​တို့ ဒုက္ခ​ရောက်​၍​ကူ​မ​ရန်​ငါ့​ထံ​ဟစ်​အော်​ကြ သော​အ​ခါ​ငါ​သည်​နား​ထောင်​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

15. ထာ​ဝ​ရ​ဘု​ရား​က``ငါ​ချစ်​မြတ်​နိုး​သည့် လူ​တို့​သည် မ​ကောင်း​မှု​များ​ကို​ပြု​ကျင့် လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​ဘယ်​သို့​လျှင် ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်​ရှိ​သ​နည်း။ တိ​ရစ္ဆာန်​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် သက်​ရောက်​လတ္တံ့​သော​ဘေး​အန္တ​ရာယ်​ဆိုး​ကို ဖယ်​ရှား​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ သူ တို့​သည်​ဆိုး​ညစ်​မှု​များ​ကို​ပြု​လုပ်​လျက် ဝမ်း​မြောက်​ကြ​မည်​လော။-

16. အ​ခါ​တစ်​ပါး​က​ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​တို့​အား​အ​ရွက်​များ​ဖြင့်​စိမ်း​လန်း​ဝေ​ဆာ ၍ လှ​ပ​သော​အ​သီး​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​သည့်​သံ​လွင်​ပင်​ဟု​ခေါ်​ဆို​သ​မုတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သူ​သည်​မိုး​ကြိုး သံ​နှင့်​တူ​သော​အ​သံ​ဖြင့် ထို​အ​ပင်​အ​ရွက် များ​ကို​မီး​ရှို့​၍​အ​ကိုင်း​အ​ခက်​များ​ကို ချိုး​တော်​မူ​မည်။

17. ``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''

18. ငါ့​ကို​သတ်​ဖြတ်​ရန် ရန်​သူ​တို့​လျှို့​ဝှက်​စွာ ကြံ​စည်​လျက်​နေ​ကြောင်း ငါ့​အား​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

19. ငါ​သည်​သတ်​ရန်​ထုတ်​ဆောင်​သွား​သည့် သိုး ငယ်​ကဲ့​သို့​ယုံ​ကြည်​စိတ်​ချ​တတ်​သူ​ဖြစ်​ပေ သည်။ ငါ့​ကို​သူ​တို့​မ​ကောင်း​ကြံ​လျက်​နေ ကြ​ကြောင်း​ကို​ငါ​မ​သိ။ သူ​တို့​က``စိမ်း​လန်း စို​ပြေ​လျက်​နေ​ချိန်​၌ သစ်​ပင်​ကို​ခုတ်​လှဲ ကြ​ကုန်​အံ့။ သူ့​အား​နောင်​အ​ခါ​အ​ဘယ်​သူ မျှ​သ​တိ​မ​ရ​ကြ​စေ​ရန် သူ့​ကို​ငါ​တို့​သတ် ဖြတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

20. ထို​အ​ခါ​ငါ​သည်``အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား စီ​ရင်​တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​တော်​မူ ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​နှင့်​စိတ်​နေ သ​ဘော​ထား​တို့​ကို​လည်း​စစ်​ဆေး​ကြည့်​ရှု တော်​မူ​တတ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ ၏​အ​မှု​ကို​ကိုယ်​တော်​ရှင်​၏​လက်​တော်​တွင် အပ်​နှံ​ထား​ပါ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​တို့​အား ကိုယ်​တော်​ရှင်​လက်​စား​ချေ​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ'' ဟု​ဆု​တောင်း​၏။

21. အာ​န​သုတ်​မြို့​သား​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​မြို့​သား​တို့​သည် ငါ့​အား​သတ်​လို​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆက်​လက် ဟော​ပြော​လျှင် ငါ့​ကို​သတ်​မည်​ဟု​ဆို​ကြ​၏။-

22. သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​၏​က​လေး​သူ​ငယ် များ​သည်​လည်း အ​စာ​ရေ​စာ​ငတ်​၍​သေ​ကြ လိမ့်​မည်။-

23. အာ​န​သုတ်​မြို့​သား​တို့​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကျ​ရောက်​လာ​သော​နေ့​ကို​ငါ​သတ်​မှတ် ပြီ။ ထို​နေ့​၌​သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ အ​သက်​ရှင်​လျက်​ကျန်​ရှိ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 11