ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 1:1-12 Common Language Bible (BCL)

1. ဤ​ကျမ်း​စာ​တွင် ယေ​ရ​မိ​မြွက်​ဟ​ပြော​ဆို ချက်​တို့​ကို​ဖော်​ပြ​ထား​လေ​သည်။ သူ​သည် ဗင်္ယာ​မိန်​နယ်​မြေ၊ အာ​န​သုတ်​မြို့​ရှိ​ယဇ်​ပု​ရော ဟိတ်​တစ်​ပါး​ဖြစ်​သူ​ဟိ​လ​ခိ​၏​သား​ဖြစ် သည်။-

2. ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​အာ​မုန် နန်း​စံ တစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရ​မိ​ကို​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

3. ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား​ယော​ယ ကိမ်​မင်း​လက်​ထက်​၌​လည်း သူ့​ကို​တစ်​ဖန်​ဗျာ ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ထို​နောက်​ကိုယ်​တော်​သည် ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်၊ ပဉ္စ​မ​လ​၌​ယေ​ရု​ရှ​လင်​မြို့​သား တို့​ပြည်​နှင်​ဒဏ်​သင့်​ချိန်​တိုင်​အောင် အ​ကြိမ် ပေါင်း​များ​စွာ​သူ့​အား​ဗျာ​ဒိတ်​တော်​များ ကို​ပေး​တော်​မူ​လေ​သည်။

4-5. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား​ဇီ​ဝ အ​သက်​ကို​မ​ပေး​မီ​ရွေး​ချယ်​၍​သင်​မ​မွေး ဖွား​မီ​က​ပင် သီး​သန့်​သတ်​မှတ်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ပ​ရော​ဖက်​အ​ဖြစ်​ခန့်​ထား ခဲ့​၏'' ဟု​ငါ့​ကို​မိန့်​တော်​မူ​သော​အ​ခါ၊

6. ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။

7. သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဟု​မ​ဆို​နှင့်။ ငါ​စေ​လွှတ်​သည့်​သူ​ထံ​သို့​သင်​သွား​၍ ငါ မိန့်​မှာ​တော်​မူ​သ​မျှ​ကို​ပြန်​ကြား​လော့။-

8. ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။

9. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​၍ ငါ​၏​နှုတ်​ကို​တို့​တော်​မူ​ပြီး လျှင်``နား​ထောင်​လော့၊ သင်​ပြော​ဆို​ရ​မည့်​ဗျာ ဒိတ်​စ​ကား​ကို ယ​ခု​ပင်​သင့်​အား​ငါ​ပေး​၏။

10. လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။

11. ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ သင်​အ​ဘယ် အရာ​ကို​မြင်​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ငါ​က​လည်း``ဗာ​တံ​ကိုင်း​ကို​မြင်​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

12. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​ပြော​သည် အ​တိုင်း​မှန်​ပေ​၏။ ငါ​သည်​လည်း​ငါ့​စ​ကား အ​ကောင်​အ​ထည်​ဖော်​သည်​ကို​စောင့်​ကြည့် လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 1