8. ``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-
9. ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
10. ဘေးဒုက္ခရောက်ရာကာလသည်ချဉ်းကပ်လာ လေပြီ။ အကြမ်းဖက်မှုသည်ရှင်သန်ကြီးထွား လျက်ရှိ၏။ မာန်မာနထောင်လွှားမှုအကြီး မားဆုံးအချိန်ပင်ဖြစ်၏။-
11. အကြမ်းဖက်မှုသည်ယုတ်မာမှုကိုတိုးပွား စေလိမ့်မည်။ သူတို့နှင့်ဆိုင်သမျှကျန်ရှိလိမ့် မည်မဟုတ်။ သူတို့၏စီးပွားချမ်းသာဂုဏ် အသရေတို့သည်ကျန်ရှိလိမ့်မည်မဟုတ်။
12. အချိန်ကျပြီ။ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်၍မဖြစ်သည့်နေ့ရက်ကာလနီးကပ် လာလေပြီ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော်သည်လူတိုင်းအပေါ် သို့သက်ရောက်မည်ဖြစ်သောကြောင့်တည်း။-
13. ကုန်သွယ်သူသည်မိမိရောင်းလိုက်သည့်မြေယာ ကိုပြန်လည်ရရှိရန် အသက်ရှည်နိုင်လိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူတိုင်းနှင့် ဆိုင်သောဘုရားသခင်၏ဗျာဒိတ်တော်ကို ပြန်လည်ပြင်ဆင်မည်မဟုတ်သောကြောင့်တည်း။ သူတို့အပြစ်ကြောင့်ဆိုးညစ်သူတို့သည် မသေဘဲကျန်ရစ်နိုင်ကြမည်မဟုတ်။-
14. တိုက်ပွဲစရန်တံပိုးမှုတ်ပြီဖြစ်၍လူအပေါင်း တို့သည်အသင့်ပြင်ကြ၏။ သို့ရာတွင်တစ်ဦး တစ်ယောက်မျှစစ်ပွဲထဲသို့မဝင်ရောက်။ အဘယ် ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော် သည် လူတိုင်းအပေါ်သို့သက်ရောက်မည်ဖြစ် သောကြောင့်တည်း။
15. လမ်းများပေါ်မှာတိုက်ခိုက်မှုများရှိ၏။ အိမ် များ၌အနာရောဂါနှင့်ငတ်မွတ်ခြင်းရှိ၏။ ကျေးတောတွင်ရှိနေသူတို့သည်ဋ္ဌားဘေးဖြင့် သေဆုံးရလျက်မြို့တွင်းရှိနေသူတို့မူကား အနာရောဂါဘေး၊ ငတ်မွတ်ခြင်းဘေးဖြင့် သေရကြလိမ့်မည်။-
16. ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-
17. လူအပေါင်းတို့၏လက်များသည်အားလျော့ လျက် သူတို့၏ဒူးများသည်တုန်၍နေလိမ့်မည်။-
18. သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-