ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 7:16-23 Common Language Bible (BCL)

16. ကျန်​ရစ်​သော​သူ​တို့​သည်​ချိုး​ငှက်​ကဲ့​သို့​ညည်း ညူ​လျက်​ချိုင့်​ဝှမ်း​များ​ထဲ​မှ​နေ​၍ တောင်​ပေါ် သို့​ထွက်​ပြေး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​ငို ကြွေး​ရ​လိမ့်​မည်။-

17. လူ​အ​ပေါင်း​တို့​၏​လက်​များ​သည်​အား​လျော့ လျက် သူ​တို့​၏​ဒူး​များ​သည်​တုန်​၍​နေ​လိမ့်​မည်။-

18. သူ​တို့​သည်​လျှော်​တေ​အဝတ်​ကို​ဝတ်​၍ တစ် ကိုယ်​လုံး​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ဦး ဆံ​ပယ်​၍​ရှက်​ကြောက်​နေ​သော​မျက်​နှာ​များ တွေ့​ရ​ကြ​လိမ့်​မည်။-

19. သူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ၊ ငွေ​များ​ကို​အ​မှိုက် သ​ရိုက်​သ​ဖွယ် လမ်း​များ​ပေါ်​သို့​လွှင့်​ပစ်​လိုက် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​အ​မျက်​ထွက်​တော်​မူ​ရာ​ကာ​လ​၌ သူ​တို့​၏ ရွှေ၊ ငွေ၊ များ​သည်​သူ​တို့​အား​မ​ကယ် နိုင်​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​မိ​မိ​တို့ အ​ဆာ​ပြေ​စေ​ရန်​အ​တွက်​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ဝမ်း​ကို​ဖြည့်​တင်း​မှု​အ​တွက်​သော် လည်း​ကောင်း ရွှေ၊ ငွေ၊ များ​ကို​အ​သုံး​မ​ပြု နိုင်​ကြ။ ရွှေ​ငွေ​တို့​သည်​သူ​တို့​အား​အ​ပြစ် ဒု​စ​ရိုက်​ကို​ပြု​စေ​၏။-

20. အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​လှ​ပ​သော​ကျောက်​မျက်​ရ​တ​နာ​များ အ​တွက် ဝါ​ကြွား​ဂုဏ်​ယူ​ခဲ့​ကြ​သော်​လည်း ယင်း​တို့​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု များ​ပြု​လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ထို​ရ​တ​နာ​များ​သည်​သူ​တို့​အ​တွက်​မ​သန့် ရှင်း​သော​အ​ရာ​များ​ဖြစ်​စေ​တော်​မူ​၏။

21. ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​ကို​တိုက်​ခိုက်​လု ယူ​ကြ​စေ​ရန် လူ​မျိုး​ခြား​တို့​အား​ငါ​အ​ခွင့် ပေး​မည်။ တ​ရား​ဥ​ပ​ဒေ​ချိုး​ဖောက်​သူ​တို့ သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​ယူ​၍ ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။-

22. ဋ္ဌား​ပြ​များ​သည်​ငါ​၏​ဗိ​မာန်​တော်​သို့ အ​တင်း​ဝင်​ရောက်​ကာ​ညစ်​ညမ်း​စေ​သော အ​ခါ​ငါ​သည်​မျက်​ကွယ်​ပြု​မည်။''

23. ``ပြည်​တွင်း​၌​လူ​သတ်​မှု​များ​ဖြင့်​လည်း ကောင်း၊ မြို့​များ​၌​အ​ကြမ်း​ဖက်​မှု​များ​ဖြင့် လည်း​ကောင်း​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် နေ​ရာ တ​ကာ​တွင်​ဗ​ရုတ်​သုတ်​ခ​ဖြစ်​၍​နေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 7