ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 6:3-9 Common Language Bible (BCL)

3. ဣ​သ​ရေ​လ​တောင်​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန်​ပြော​ကြား လော့။ တောင်​ကြီး​တောင်​ငယ်​များ၊ မြစ်​များ၊ ချိုင့် ဝှမ်း​များ​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​ပြန်​ကြား​လော့။ ငါ​သည်​လူ တို့​ရုပ်​တု​များ​ကိုး​ကွယ်​ရာ​မြင့်​သော​အ​ရပ် ဌာ​န​များ​ကို​ဖျက်​ဆီး​ရန်​ဋ္ဌား​ကို​စေ​လွှတ် မည်။-

4. ယဇ်​ပလ္လင်​တို့​ကို​ဆွဲ​ချ​ဖျက်​ဆီး​၍​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ခွက်​တို့​ကို​ချိုး​ဖဲ့​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု များ​ရှေ့​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-

5. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​လောင်း​များ​ကို သူ​တို့​၏​ရုပ်​တု​များ​ရှေ့ တွင်​ကြဲ​ဖြန့်​မည်။ သူ​တို့​၏​အ​ရိုး​များ​ကို ယဇ်​ပလ္လင်​များ​ပတ်​လည်​တွင်​ကြဲ​ဖြန့်​မည်။-

6. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြို့​အ​ပေါင်း လူ​သူ​ကင်း​မဲ့​လျက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​မြင့် သော​အ​ရပ်​များ​ကို​ဖြို​ဖျက်​သ​ဖြင့် ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​သည် ပျက်​စီး​ယို​ယွင်း၊ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ကျိုး​ပဲ့​ကြ​ကုန်​လျက် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ခွက်​တို့​သည်​လည်း​ကြေ​မွ​ကာ ထို​သူ​တို့​ပြု လုပ်​သ​မျှ​သော​အ​ရာ​တို့​သည်​ပျောက်​ပျက် ကုန်​လိမ့်​မည်။-

7. နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​အ​သတ်​ခံ​ရ ကြ​လိမ့်​မည်။ ဤ​သည်​ကား​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​သိ​ရ​ကြ​လိမ့်​မည်။

8. ``ငါ​သည်​လူ​အ​ချို့​တို့​ကို​ဋ္ဌား​ဘေး​မှ​လွတ် မြောက်​စေ​၍ အ​ပြည်​ပြည်​နိုင်​ငံ​အ​ရပ်​ရပ် သို့​ပျံ့​လွင့်​သွား​စေ​မည်။-

9. သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ပြည်​နှင်​ဒဏ် ခံ​ရ​သူ​များ​ကဲ့​သို့​နေ​ရ​ကြ​လိမ့်​မည်။ ထို အ​ခါ​လွတ်​မြောက်​လာ​သူ​တို့​သည်​ငါ့​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​၏​သစ္စာ​မဲ့ သော​စိတ်​နှ​လုံး​ဖြင့်​ငါ့​အား​စွန့်​ပယ်​ကာ ရုပ်​တု တို့​ကို​ငါ့​ထက်​ပို​၍​မြတ်​နိုး​ကြ​သည့်​အ​တွက် ငါ​သည်​အ​ဘယ်​မျှ​ဝမ်း​နည်း​ကြောင်း​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် ယုတ်​မာ​မှု​များ​အ​တွက် မိ​မိ​တို့​ကိုယ်​ကို စက်​ဆုပ်​ရွံ​ရှာ​လာ​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 6