ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 47:12-20 Common Language Bible (BCL)

12. ထို​ချောင်း​ကမ်း​နှစ်​ဘက်​တို့​တွင်​စား​စ​ရာ အ​ပင်​အ​မျိုး​မျိုး​ပေါက်​လိမ့်​မည်။ ထို​သစ်​ပင် များ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရွက်​ညှိုး နွမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​သီး​လည်း အ​ဘယ်​အ​ခါ​မျှ​ပြတ်​လပ်​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ပင်​တို့​သည်​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​သည့်​ချောင်း​မှ​ရေ​ကို​ရ​ရှိ ကြ​သ​ဖြင့်​လ​စဉ်​လတိုင်း​အ​သီး​သစ် များ​ကို​သီး​ကြ​လိမ့်​မည်။ ထို​အ​ပင်​များ ၏​အ​သီး​သည်​စား​ဖွယ်​ဖြစ်​၍​ယင်း တို့​၏​အ​ရွက်​များ​ကို​လူ​တို့​၏​အ​နာ ပျောက်​ကင်း​စေ​ရန်​အ​သုံး​ပြု​လိမ့်​မည်'' ဟု​ငါ့​အား​ပြော​၏။

13. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။-

14. ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ဤ ပြည်​ကို​ပေး​အပ်​မည်​ဟု​ကျိန်​ဆို​က​တိ ထား​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင်​တို့​သည် ယင်း​ကို​ညီ​မျှ​စွာ​ခွဲ​ဝေ​ယူ​ကြ​လော့။

15. ``မြောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ် မှ​အ​စ​ပြု​၍​အ​ရှေ့​ဘက်​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း၊ ဇေ​ဒဒ်​မြို့။-

16. ဗေ​ရော​သာ​မြို့၊ သိ​ဗ​ရိမ်​မြို့​တို့​ကို​ဖြတ်​၍ တိ​ကုန်​မြို့​တွင်​ဆုံး​လေ​သည်။ (ဗေ​ရော​သာ နှင့်​သိ​ဗ​ရိမ်​မြို့​တို့​သည်​ဒ​မာ​သက်​ပြည် နှင့်​ဟာ​မတ်​ပြည်​စပ်​ကြား​တွင်​ရှိ​၍ ဟာ​လာ ဟတ္တိ​ကုန်​မြို့​မှာ​ဟော​ရန်​နယ်​စပ်​တွင်​ရှိ​၏။-)

17. သို့​ဖြစ်​၍​မြောက်​ဘက်​နယ်​နိ​မိတ်​သည်​မြေ ထဲ​ပင်​လယ်​မှ​အ​ရှေ့​ဘက် ဟာ​ဇ​ရေ​နုန်​မြို့ အ​ထိ​ရှိ​၍​ဒ​မာ​သက်​နှင့်​ဟာ​မတ်​ပြည် နယ်​ခြား​ဒေသ​များ​၏​တောင်​ဘက်​တွင်​တည် ရှိ​သ​တည်း။

18. ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​ကား​ဒ​မာ​သက် ပြည်​နှင့်​ဟော​ရန်​ပြည်​စပ်​ကြား​မှ​ပင်​လယ် သေ​ကမ်း​ပေါ်​ရှိ​တာ​မာ​မြို့​အ​ထိ​ဖြစ်​၍ ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​ရှိ​သော ဣ​သ​ရေ​လ​ပြည်​နှင့်​အ​ရှေ့​ဘက်​တွင်​ရှိ သော​ဂိ​လဒ်​ပြည်​တို့​၏​နယ်​ခြား​အ​မှတ် အ​သား​ဖြစ်​၏။

19. ``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။

20. ``အ​နောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင် လယ်​ဖြစ်​၍ မြောက်​ဘက်​ရှိ​ဟာ​မတ်​တောင် ကြား​လမ်း​၏​အ​နောက်​ဘက်​သို့​တိုင်​အောင် ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 47