ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 47:1-12 Common Language Bible (BCL)

1. ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-

2. ထို​လူ​သည်​ငါ့​အား​မြောက်​တံ​ခါး​ဖြင့် ဗိ​မာန်​တော်​နယ်​မြေ​မှ​ထုတ်​ဆောင်​ကာ​အ​ရှေ့ တံ​ခါး​သို့​ခေါ်​ယူ​သွား​၏။ ထို​တံ​ခါး​၏ တောင်​ဘက်​တွင်​ချောင်း​ငယ်​တစ်​ခု​စီး​ဆင်း လျက်​ရှိ​၏။-

3. ထို​သူ​သည်​ချောင်း​အောက်​ဘက်​မှ​အ​ရှေ့​ဘက် သို့​မိ​မိ​ကူ​တံ​ဖြင့်​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​ပြီး​နောက်​ငါ့​အား​ချောင်း​ကို​ဖြတ်​၍ လျှောက်​သွား​စေ​၏။ ရေ​ကား​ငါ​၏​ခြေ မျက်​စိ​အ​ထိ​သာ​ရောက်​လေ​သည်။-

4. ထို့​နောက်​သူ​သည်​နောက်​ထပ်​ကိုက်​ငါး​ရာ ခြောက်​ဆယ်​တိုင်း​ပြန်​၏။ ထို​နေ​ရာ​တွင်​ရေ သည်​ငါ​၏​ဒူး​ဆစ်​အ​ထိ​ရောက်​ရှိ​လာ​၏။ နောက်​ကိုက်​ငါး​ရာ​ခြောက်​ဆယ်​အ​ကွာ​တွင် ရေ​သည်​ငါ​၏​ခါး​အ​ထိ​ရောက်​ရှိ​၏။-

5. သူ​သည်​ထပ်​မံ​၍​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​လိုက်​သော​အ​ခါ ငါ​ဖြတ်​ကူး​၍​မ​ရ သော​မြစ်​တစ်​စင်း​သို့​ရောက်​လာ​၏။ ရေ​အ​လွန် နက်​သ​ဖြင့်​ငါ​သည်​ခြေ​ထောက်​၍​မ​မီ​ဘဲ လက်​ပစ်​ကူး​ရ​လေ​သည်။-

6. ထို​သူ​က``အ​ချင်း​လူ​သား၊ ဤ​အ​ချင်း အ​ရာ​အ​လုံး​စုံ​ကို​သေ​ချာ​စွာ​မှတ်​သား လော့'' ဟု​ငါ့​အား​ပြော​၏။ထို​နောက်​သူ​သည်​ငါ့​အား​မြစ်​ကမ်း​ပါး​သို့ ပြန်​လည်​ခေါ်​ဆောင်​သွား​၏။-

7. မြစ်​ကမ်း​ပါး​သို့​ရောက်​သော​အ​ခါ​ငါ သည်​မြစ်​ကမ်း​နှစ်​ဖက်​တွင်​သစ်​ပင်​များ စွာ​ပေါက်​လျက်​နေ​သည်​ကို​မြင်​ရ​၏။-

8. ထို​လူ​က ``ဤ​ရေ​သည်​မြေ​ပြင်​ကို​ဖြတ်​၍ အ​ရှေ့​ဘက်​သို့​စီး​ဆင်း​ရာ​ယော်​ဒန်​ချိုင့်​ဝှမ်း နှင့်​ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သွား​ကာ ထို​ပင်​လယ်​ရေ​ငန်​ကို​ရေ​ချို​ဖြစ်​စေ​၏။-

9. ထို​ချောင်း​စီး​ဆင်း​ရာ​အ​ရပ်​တိုင်း​၌​တိ​ရစ္ဆာန် နှင့်​ငါး​အ​မျိုး​မျိုး​တို့​ကို​တွေ့​ရှိ​ရ​လိမ့်​မည်။ ယင်း​သည်​ပင်​လယ်​သေ​၏​ရေ​ကို​ရေ​ချို ဖြစ်​စေ​လိမ့်​မည်။ မိ​မိ​စီး​ဆင်း​ရာ​အ​ရပ် တိုင်း​၌​သက်​ရှိ​သတ္တဝါ​များ​အား​အ​သက် ရှင်​သန်​စေ​လိမ့်​မည်။-

10. အင်္ဂေ​ဒိ​စိမ့်​စမ်း​မှ​အ​စ​ပြု​၍​ဧ​နေ​ဂ​လိမ် စိမ့်​စမ်း​တိုင်​အောင်​ပင်​လယ်​နား​တစ်​လျှောက် လုံး​တွင်​ရေ​လုပ်​သား​တို့​နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ပိုက်​ကွန်​များ​ကို​လှန်း​ကြ​လိမ့်​မည်။ မြေ​ထဲ​ပင်​လယ်​တွင်​တွေ့​ရှိ​ရ​သည့်​ငါး အ​မျိုး​မျိုး​တို့​ကို​ဤ​အ​ရပ်​တွင်​လည်း တွေ့​ရှိ​ရ​လိမ့်​မည်။-

11. သို့​ရာ​တွင်​ပင်​လယ်​သေ​ကမ်း​ခြေ​ဒေ​သ​ရှိ ရွှံ့​ဗွက်​များ​နှင့်​ရေ​အိုင်​များ​၌​မူ​ကား​ရေ မ​ချို​ဘဲ​ဆား​ထွက်​လိမ့်​မည်။-

12. ထို​ချောင်း​ကမ်း​နှစ်​ဘက်​တို့​တွင်​စား​စ​ရာ အ​ပင်​အ​မျိုး​မျိုး​ပေါက်​လိမ့်​မည်။ ထို​သစ်​ပင် များ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရွက်​ညှိုး နွမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​သီး​လည်း အ​ဘယ်​အ​ခါ​မျှ​ပြတ်​လပ်​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ပင်​တို့​သည်​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​သည့်​ချောင်း​မှ​ရေ​ကို​ရ​ရှိ ကြ​သ​ဖြင့်​လ​စဉ်​လတိုင်း​အ​သီး​သစ် များ​ကို​သီး​ကြ​လိမ့်​မည်။ ထို​အ​ပင်​များ ၏​အ​သီး​သည်​စား​ဖွယ်​ဖြစ်​၍​ယင်း တို့​၏​အ​ရွက်​များ​ကို​လူ​တို့​၏​အ​နာ ပျောက်​ကင်း​စေ​ရန်​အ​သုံး​ပြု​လိမ့်​မည်'' ဟု​ငါ့​အား​ပြော​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 47