ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 44:5-25 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''

6. ``ပုန်​ကန်​တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိ​မိ​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည်​ဆက်​လက်​သည်း​ခံ​လျက်​နေ​တော့ မည်​မ​ဟုတ်​ကြောင်း​ဆင့်​ဆို​လော့။-

7. ဆီ​ဥ​နှင့်​သွေး​ကို​ငါ့​အား​ပူ​ဇော်​ချိန်​၌​သူ တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ လူ​မျိုး​ခြား​များ၊ ငါ​၏​စ​ကား​ကို​နား​မ ထောင်​သူ​များ​အား​ဗိ​မာန်​တော်​ထဲ​သို့​ဝင် ခွင့်​ပြု​လျက်​ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော် သည်​မိ​မိ​တို့​၏​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့် များ​အား​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ကြ​လေ​ပြီ။-

8. သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။

9. ``အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​လူ​မျိုး ခြား​များ၊ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​သူ​လူ​မျိုး​ခြား​များ​ပင်​ဖြစ်​စေ​ကာ​မူ ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရ​ကြ​မည်​မ​ဟုတ် ကြောင်း​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို ၏'' ဟု​မိန့်​တော်​မူ​၏။

10. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ရုပ်​တု​များ​ကို​ကိုး ကွယ်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ငါ့​အား​စွန့်​ပယ်​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင် တို့​သည်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​ကြ​မည်။-

11. သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​မှူး​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ ဗိ​မာန်​တော်​၏​ဝေ​ယျာ​ဝစ္စ​ကို ဆောင်​ရွက်​သူ​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ​နှင့်​ယဇ်​ပူ​ဇော်​ရန် အ​တွက်​လူ​တို့​ပေး​အပ်​ကြ​သည့်​တိ​ရစ္ဆာန်​များ သတ်​နိုင်​ခွင့်​ရှိ​၏။ ထို​မှ​တစ်​ပါး​လည်း​သူ​တို့ သည်​အ​ကူ​အ​ညီ​ပေး​ရန်​အ​တွက်​ဗိ​မာန် တော်​တွင်​ရှိ​နေ​ရ​ကြ​မည်။-

12. သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား တို့​အား​ရုပ်​တု​ကိုး​ကွယ်​မှု​တွင်​ဦး​စီး​ခေါင်း ဆောင်​ပြု​ကာ​အ​ပြစ်​ကူး​လွန်​စေ​ခဲ့​ကြ​သ​ဖြင့် အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည်​ဖြစ်​ကြောင်း​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ကျိန်​ဆို​၏။-

13. သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ ၏​အ​မှု​တော်​ကို​မ​ဆောင်​ရွက်​ရ​ကြ။ သန့်​ရှင်း မြင့်​မြတ်​ရာ​တစ်​စုံ​တစ်​ခု​အ​နား​သို့​မျှ လည်း​မ​ချဉ်း​မ​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့​လည်း​မ​ဝင်​ရ​ကြ။ ဤ အ​ပြစ်​ဒဏ်​ကား​သူ​တို့​ပြု​ခဲ့​သည့်​စက်​ဆုပ် ဖွယ်​ရာ​အ​မှု​များ​အ​တွက်​ဖြစ်​၏။-

14. ဗိ​မာန်​တော်​တွင်​အ​စေ​ခံ​များ​သာ​လုပ်​ဆောင် အပ်​သော​အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​သူ တို့​အား​ငါ​ခန့်​ထား​မည်'' ဟု​မိန့်​တော်​မူ​၏။

15. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-

16. သူ​တို့​သာ​လျှင်​ငါ​၏​ဗိ​မာန်​တော်​သို့​ဝင် ပြီး​လျှင်​ငါ​၏​ယဇ်​ပလ္လင်​တွင်​အ​မှု​တော် ဆောင်​၍ ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​ဦး​ဆောင်​ရ​မည်။-

17. သူ​တို့​သည်​မုခ်​ပေါက်​မှ​ဗိ​မာန်​တော်​၏​တံ​တိုင်း အ​တွင်း​သို့ ဝင်​သော​အ​ခါ​ပိတ်​ချော​ထည်​ကို ဝတ်​ဆင်​ရ​ကြ​မည်။ တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း ထဲ​၌​သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​ထဲ​၌ သော်​လည်း​ကောင်း တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ် မည်​သည့်​သိုး​မွေး​ထည်​ကို​မျှ​မ​ဝတ်​မ​ဆင် ရ​ကြ။-

18. ချွေး​မ​ထွက်​စေ​ရန်​ပိတ်​ချော​ခေါင်း​ပေါင်း​ကို ပေါင်း​၍​ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်​ဆင်​ရ ကြ​မည်။ ခါး​ပတ်​ကို​မ​ဝတ်​ရ​ကြ။-

19. လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။

20. ``သူ​တို့​သည်​မိ​မိ​တို့​၏​ဦး​ခေါင်း​ကို​မ​ရိတ်​ရ ကြ။ ဆံ​ပင်​ရှည်​အောင်​လည်း​မ​ထား​ရ​ကြ။ သင့် တော်​လျောက်​ပတ်​သ​လောက်​သာ​အ​ရှည်​ထား ရ​မည်။-

21. ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​တိုင်း​အ​တွင်း ရှိ​ဝင်း​သို့​မ​ဝင်​မီ​စ​ပျစ်​ရည်​ကို​မ​သောက် ရ​ကြ။-

22. အ​ဘယ်​ယဇ်​ပု​ရော​ဟိတ်​မျှ​ကွာ​ရှင်း​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထိမ်း​မြား​ရ။ ဣ သ​ရေ​လ​အ​ပျို​စင် သို့​မ​ဟုတ်​အ​ခြား​ယဇ် ပု​ရော​ဟိတ်​တစ်​ဦး​၏​မု​ဆိုး​မ​နှင့်​သာ​လျှင် ထိမ်း​မြား​ရ​မည်။ အ​ခြား​မု​ဆိုး​မ​နှင့်​မ ထိမ်း​မြား​ရ။

23. ``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-

24. အ​မှု​အ​ခင်း​တစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာ သော​အ​ခါ သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ ဘာ​သာ​ရေး ပွဲ​လမ်း​သ​ဘင်​များ​ကို ငါ​၏​ဥ​ပ​ဒေ​စည်း မျဉ်း​နှင့်​အ​မိန့်​များ​အ​ရ​ကျင်း​ပ​ရ​ကြ မည်။ ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့် နေ့​အ​ဖြစ်​ဖြင့်​စောင့်​ထိန်း​ရ​ကြ​မည်။

25. ``ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​အ​လောင်း ကို​တို့​ထိ​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ ရေး​အ​ရ​ညစ်​ညမ်း​အောင်​မ​ပြု​ရ။ သို့​ရာ​တွင် သူ​သည်​မိ​မိ​၏​မိဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​ရှိ​သော​နှ​မ၊ အစ်​မ​တို့​၏​အ​လောင်း ကို​မူ​တို့​ထိ​နိုင်​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 44