ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 41:5-12 Common Language Bible (BCL)

5. ထို​လူ​သည်​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ အ​တွင်း​နံ​ရံ​၏​ထု​ကို​တိုင်း​၍​ကြည့်​ရာ ဆယ်​ပေ​ရှိ​၏။ ထို​နံ​ရံ​ကို​ကပ်​၍​ဗိ​မာန် တော်​ပတ်​လည်​၌​အ​ကျယ်​ခု​နစ်​ပေ​ရှိ အ​ခန်း​ငယ်​များ​ရှိ​၏။-

6. ထို​အ​ခန်း​များ​သည်​အ​ထပ်​သုံး​ထပ်​ရှိ ၍​တစ်​ထပ်​လျှင် အ​ခန်း​ငယ်​ပေါင်း​သုံး​ဆယ် စီ​ရှိ​၏။ ဗိ​မာန်​တော်​ဘက်​မှ​နံ​ရံ​များ​သည် တစ်​ထပ်​နှင့်​တစ်​ထပ်​ထု​ချင်း​မ​တူ​ကြ။ အောက် ထပ်​နံ​ရံ​က​အ​ထက်​ထပ်​နံ​ရံ​ထက်​ပို​၍ ထူ​၏။ ဤ​နည်း​အား​ဖြင့်​အ​ခန်း​ငယ်​များ ကို​နံ​ရံ​နှင့်​ချိတ်​ဆက်​၍​ဆောက်​မည့်​အ​စား၊ ထု​ထည်​ကြီး​သော​နံ​ရံ​ချွန်း​ပေါ်​တွင် တင်​၍​ဆောက်​လုပ်​ထား​လေ​သည်။-

7. သို့​ဖြစ်​၍​အောက်​ထပ်​မှ​အ​လယ်​ထပ်​သို့ လည်း​ကောင်း၊ အ​လယ်​ထပ်​မှ​အ​ထက်​ထပ် သို့​လည်း​ကောင်း​သွား​လာ​နိုင်​ကြ​၏။ ဗိ​မာန် တော်​နံ​ရံ​ပတ်​လည်​မှ​အ​ခန်း​များ​၏​ရှေ့ တွင်​လှေ​ကား​ကျယ်​နှစ်​ခု​ရှိ​၏။ ထို​အ​ခန်း ရှိ​နေ​ခြင်း​ကြောင့်​ဗိ​မာန်​တော်​နံ​ရံ​များ ၏​ထု​ထည်​ကို​အောက်​ဆုံး​မှ​အ​ထက်​ဆုံး အ​ထိ​တစ်​ညီ​တည်း​ဟု​ထင်​မှတ်​ရ​၏။-

8-11. ငါ​သည်​ဗိ​မာန်​တော်​ပတ်​လည်​တွင်​လှေ​ကား ထစ်​မြေ​ပြန့်​ရှိ​သည်​ကို​တွေ့​မြင်​ရ​၏။ ယင်း သည်​ပတ်​ဝန်း​ကျင်​မြေ​ရာ​ထက်​ဆယ်​ပေ ပို​၍​မြင့်​ပြီး​လျှင် ဗိ​မာန်​တော်​နံ​ရံ​တွင် ဆောက်​လုပ်​ထား​သည့်​အ​ခန်း​များ​၏​အုတ် မြစ်​နှင့်​တ​ပြေး​တည်း​ဖြစ်​၍​နေ​လေ​သည်။ ထို​အ​ခန်း​များ​၏​အ​ပြင်​နံ​ရံ​သည်​ရှစ်​ပေ ထူ​၏။ လှေ​ကား​ထစ်​မြေ​ပြန့်​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ခန်း​များ​စပ်​ကြား​ဗိ​မာန် တော်​ပတ်​လည်​တွင်​သုံး​ဆယ့်​လေး​ပေ ကျယ်​သော​မြေ​လွတ်​ရှိ​၏။ ဗိ​မာန်​တော်​၏ မြောက်​ဘက်​၌​ရှိ​အ​ခန်း​များ​သို့​ဝင်​ရန် တံ​ခါး​တစ်​ပေါက်၊ တောင်​ဘက်​၌​ရှိ​သော အ​ခန်း​များ​သို့​ဝင်​ရန်​တံ​ခါး​တစ်​ပေါက် ရှိ​၏။ ဗိ​မာန်​တော်​ပတ်​လည်​၌​ရှိ​သော လှေ​ကား​ထစ်​မြေ​ပြန့်​သည်​အ​နံ​ရှစ် ပေ​ရှိ​သ​တည်း။

12. ဗိ​မာန်​တော်​အ​နောက်​ဘက်​မြေ​လွတ်​အ​စွန်း တွင်​အ​ဆောက်​အ​အုံ​တစ်​ခု​ရှိ​၏။ ယင်း သည်​အလျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ တစ်​ရာ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ထို​အ​ဆောက် အ​အုံ​၏​နံ​ရံ​တစ်​လျှောက်​လုံး​သည်​ထု ရှစ်​ပေ​ရှိ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 41