ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 41:2-5 Common Language Bible (BCL)

2. အ​နံ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ယင်း​၏​ဝဲ​ယာ နံ​ရံ​များ​သည်​ထု​ရှစ်​ပေ​စီ​ရှိ​၏။ အ​လယ် ခန်း​ကို​တိုင်း​တာ​ကြည့်​သော​အ​ခါ​အ​လျား ခြောက်​ဆယ့်​ရှစ်​ပေ၊ အနံ​သုံး​ဆယ့်​လေး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။

3. ထို​နောက်​သူ​သည်​အ​တွင်း​ဆုံး​အ​ခန်း​သို့ ဝင်​၏။ ထို​အ​ခန်း​အ​ဝင်​လမ်း​ကို​တိုင်း​တာ ကြည့်​ရာ​ထု​သုံး​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​လေ သည်။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​တစ်​ဆယ့် နှစ်​ပေ​ရှိ​သ​တည်း။-

4. ထို​သူ​သည်​ဤ​အ​ခန်း​ကို​တိုင်း​၍​ကြည့် ၏။ ယင်း​သည်​အ​လျား​အ​နံ​သုံး​ဆယ့်​လေး ပေ​စီ​ရှိ​၏။ ထို​နောက်​သူ​သည်​ငါ့​အား``ဤ အ​ခန်း​ကား​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ပင်​တည်း'' ဟု​ဆို​၏။

5. ထို​လူ​သည်​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ အ​တွင်း​နံ​ရံ​၏​ထု​ကို​တိုင်း​၍​ကြည့်​ရာ ဆယ်​ပေ​ရှိ​၏။ ထို​နံ​ရံ​ကို​ကပ်​၍​ဗိ​မာန် တော်​ပတ်​လည်​၌​အ​ကျယ်​ခု​နစ်​ပေ​ရှိ အ​ခန်း​ငယ်​များ​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 41