ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 41:15-26 Common Language Bible (BCL)

15. ထို​လူ​သည်​ဝဲ​ယာ​ရှိ​စင်္ကြံ​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ကို​တိုင်း​တာ ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို တွေ့​ရ​၏။ဗိ​မာန်​တော်​မုခ်​ဦး​ခန်း၊ ခန်း​မ​ဆောင်​ကြီး​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​၏​နံ​ရံ များ​ကို၊-

16. ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-

17. ဗိ​မာန်​တော်​အ​တွင်း​နံ​ရံ​များ​ကား​တံ​ခါး ပေါက်​အ​ထက်​အ​ထိ

18. စွန်​ပ​လွံ​ပင်​ပုံ​များ၊ ခေ​ရု​ဗိမ်​ရုပ်​ပုံ​များ​ကို ထု​လုပ်​၍​တန်​ဆာ​ဆင်​ထား​လေ​သည်။ အ​ခန်း ပတ်​လည်​တစ်​လျှောက်​လုံး​ဦး​စွာ​စွန်​ပ​လွံ ပင်​ပုံ၊ ထို​နောက်​ခေ​ရု​ဗိမ်​ရုပ်​ပုံ၊ ထို​နောက် စွန်​ပ​လွံ​ပင်​ပုံ​စ​သည်​ဖြင့်​ထု​လုပ်​ထား သ​တည်း။ ခေ​ရု​ဗိမ်​တစ်​ပါး​စီ​တွင်​မျက်​နှာ နှစ်​မျိုး​ရှိ​၏။-

19. လူ​မျက်​နှာ​နှင့်​ခြင်္သေ့​မျက်​နှာ​ဖြစ်​၍ လူ​မျက် နှာ​သည်​စွန်​ပ​လွံ​ပင်​တစ်​ပင်​ဘက်​သို့​လှည့် ၍ ခြင်္သေ့​မျက်​နှာ​က​အ​ခြား​စွန်​ပ​လွံ​ပင် တစ်​ပင်​ဘက်​သို့​လှည့်​၍​နေ​၏။-

20. ဤ​နည်း​အ​တိုင်း​နံ​ရံ​တစ်​လျှောက်​လုံး​တွင် ကြမ်း​ပြင်​မှ​တံ​ခါး​ပေါက်​အ​ထက်​တိုင် အောင်​အ​ရုပ်​များ​ထွင်း​ထု​လုပ်​၍​ထား လေ​သည်။-

21. သန့်​ရှင်း​ရာ​ဌာ​န​၏​တံ​ခါး​တိုင်​များ သည်​လေး​ထောင့်​တိုင်​များ​ဖြစ်​ကြ​၏။အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၏​ရှေ့ ၌​သစ်​သား​ယဇ်​ပလ္လင်​နှင့်​တူ​သော​အ​ရာ တစ်​ခု​ရှိ​၏။-

22. ထို​အ​ရာ​သည်​ငါး​ပေ​မြင့်​၍​လေး​ပေ​ကျယ် ၏။ ယင်း​၏​ထောင့်​တိုင်​များ၊ အောက်​အ​ခြေ​ခံ ဖိ​နပ်​နှင့်​နံ​ရံ​များ​သည်​သစ်​သား​ဖြင့်​ပြီး ကြ​၏။ ထို​လူ​က``ဤ​ကား​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​စား​ပွဲ​ဖြစ်​သည်'' ဟု​ငါ့​အား ဆို​၏။

23. သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​လမ်း​အ​ဆုံး ၌​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရာ​လမ်း​အ​ဆုံး​၌​လည်း​ကောင်း တံ​ခါး​တစ်​ခု​စီ​ရှိ​၏။-

24. ယင်း​တို့​သည်​အ​လယ်​မှ​ဖွင့်​ရ​သော​နှစ် ရွက်​တံ​ခါး​များ​ဖြစ်​ကြ​၏။-

25. သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​တံ​ခါး​များ​တွင် လည်း​နံ​ရံ​များ​ကဲ့​သို့​ပင်​စွန်​ပ​လွံ​ပင်​ပုံ များ​နှင့်​ခေရု​ဗိမ်​ရုပ်​များ​ထု​လုပ်​၍​ထား​၏။ ထို့​ပြင်​မုခ်​ဦး​ခန်း​အ​ဝင်​တံ​ခါး​အ​ပြင် ဘက်​၌​လည်း​သစ်​သား​ဖောင်း​ရစ်​တစ်​ခု​ရှိ​၏။-

26. ထို​အ​ခန်း​တွင်​ဘေး​ပြူ​တင်း​ပေါက်​များ​ရှိ​၍ နံ​ရံ​များ​၌​လည်း​စွန်​ပ​လွံ​ပင်​ပုံ​များ​ထု လုပ်​ထား​လေ​သည်။ ဗိ​မာန်​တော်​၏​ဘေး​ခန်း တွင်​လည်း သစ်​သား​ဖောင်း​ရစ်​များ​ရှိ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 41