ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 39:15-25 Common Language Bible (BCL)

15. ထို​သူ​တို့​သည်​ပြည်​ရွာ​ကို​အ​စုန်​အ​ဆန် သွား​လာ​လျက်​လူ​ရိုး​များ​ကို​တွေ့​ရှိ​သည့် အ​ခါ​တိုင်း ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​တွင် မြှုပ်​နှံ​မည့်​သူ​များ​ရောက်​ရှိ​လာ​ချိန်​တိုင် အောင်​မှတ်​တိုင်​များ​ကို​စိုက်​ထား​ကြ​လိမ့် မည်။-

16. (ထို​ချိုင့်​ဝှမ်း​အ​နီး​တွင်​တပ်​မ​တော်​နာ​မည် ကို​ယူ​၍​မှည့်​ခေါ်​ထား​သည့်​မြို့​ရှိ​သ​တည်း။) သို့​ဖြစ်​၍​ပြည်​ရွာ​ပြန်​လည်​စင်​ကြယ်​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

17. အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-

18. ထို​ပွဲ​သည်​ကြီး​ကျယ်​သော​စား​သောက်​ပွဲ ဖြစ်​၍​သူ​တို့​သည် စစ်​သူ​ရဲ​တို့​၏​အ​သား ကို​စား​၍​ပြည်​ရှင်​မင်း​တို့​၏​သွေး​ကို​သောက် ရ​ကြ​လိမ့်​မည်။ ထို​စစ်​သူ​ရဲ​များ​နှင့်​ပြည် ရှင်​မင်း​တို့​သည်​ဘာ​ရှန်​ပြည်​မှ​ဆူ​ဖြိုး​သော တိ​ရစ္ဆာန်​များ​ဖြစ်​သည့် သိုး​ထီး၊ သိုး​ငယ်၊ ဆိတ် များ၊ နွား​များ​ကဲ့​သို့​အ​သတ်​ခံ​ရ​ကြ လိမ့်​မည်။-

19. ထို​သူ​တို့​သည်​ယင်း​သို့​ယဇ်​ကောင်​များ သ​ဖွယ်​အ​သတ်​ခံ​ရ​ကြ​သော​အ​ခါ ငှက် နှင့်​တိ​ရစ္ဆာန်​များ​သည်​အ​ဆီ​ကို​ဝ​စွာ​စား ၍​သွေး​ကို​မူး​ယစ်​သည့်​တိုင်​အောင်​သောက် ရ​ကြ​လိမ့်​မည်။-

20. ငါ​ပြင်​ဆင်​သော​စား​ပွဲ​တွင်​သူ​တို့​သည် မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ၊ တပ်​မ တော်​သား​များ​နှင့်​စစ်​ပွဲ​ဝင်​သူ​တို့​၏​အ သား​ကို​စား​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

21. ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် ငါ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​ကြ​လိမ့် မည်။ ငါ​၏​တ​ရား​မျှ​တ​သော​စီ​ရင်​ချက်​များ ကို​အ​ကောင်​အ​ထည်​ဖော်​ရာ​တွင် ငါ​သည် မိ​မိ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သို့​အ​သုံး ပြု​တော်​မူ​ကြောင်း​သူ​တို့​အား​ပြ​မည်။-

22. ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကား​ငါ​ပင်​ဖြစ်​သည်​ကို​သိ​ရှိ​ကြ လိမ့်​မည်။-

23. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ပြည်​နှင် ဒဏ်​သင့်​ရ​ကြ​ကြောင်း​ကို​လည်း လူ​မျိုး တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ကျော​ခိုင်း​တော်​မူ​၍​ရန်​သူ​တို့ ၏​လက်​သို့​ရောက်​စေ​လျက်​စစ်​ပွဲ​တွင်​ကျ ဆုံး​စေ​တော်​မူ​ခဲ့​၏။-

24. ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​ဆိုး​ညစ် ယုတ်​မာ​မှု​များ​နှင့်​ထိုက်​လျောက်​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပြီး​လျှင်​ကျော ခိုင်း​နေ​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

25. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ဖြစ်​၍​ယ​ခု ငါ​သည် ယာ​ကုပ်​၏​သား​မြေး​ဖြစ်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​က​ရု​ဏာ သက်​၍ တစ်​ဖန်​ပြန်​လည်​ကောင်း​စား​လာ စေ​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာမ တော်​ကို​ကာ​ကွယ်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 39