ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 37:14-28 Common Language Bible (BCL)

14. ငါ​သည်​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​တို့​အား ပေး​သွင်း​၍ သူ​တို့​အား​အ​သက်​ပြန်​၍​ရှင် လာ​စေ​ပြီး​လျှင် မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင် နေ​ထိုင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်။ ငါ​သည်​ဤ​အ​မှု​ကို​ပြု မည်​ဟု​က​တိ​ထား​တော်​မူ​ပြီ။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

15. တစ်​ဖန်​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

16. ကိုယ်​တော်​က``အချင်း​လူ​သား၊ တုတ်​တစ်​ချောင်း ကို​ယူ​၍`ယု​ဒ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ​ဣ​သ ရေ​လ​နိုင်​ငံ​အ​တွက်' ဟု​ရေး​မှတ်​လော့။ ထို နောက်​အ​ခြား​တုတ်​တစ်​ချောင်း​ကို​ယူ​၍ `ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ ယော​သပ်​နှင့်​သက်​ဆိုင်​သည့်​ဧ​ဖ​ရိမ်​၏ တုတ်' ဟု​ရေး​မှတ်​လော့။-

17. ထို​တုတ်​နှစ်​ချောင်း​ကို​တစ်​ချောင်း​တည်း​ဟု ထင်​ရ​အောင်​သင်​၏​လက်​တွင်​ကိုင်​ထား​လော့။-

18. ယင်း​သို့​ပြု​သည်​မှာ​အ​ဘယ်​သို့​အ​ဋ္ဌိပ္ပါယ် ရှိ​ပါ​သ​နည်း​ဟု သင်​၏​အ​မျိုး​သား​တို့ က​မေး​မြန်း​ကြ​လိမ့်​မည်။-

19. ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် ဧ​ဖ​ရိမ်​ကိုင်​ထား​သည့်​ယော​သပ်​၏​တုတ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​နှင့်​သူ​၏​အ​ပေါင်း ပါ​တို့​ကို​ယူ​လျက် ယု​ဒ​နိုင်​ငံ​၏​တုတ်​တစ် ချောင်း​နှင့်​အ​တူ​ထား​၍ တစ်​ချောင်း​တည်း ဖြစ်​သော​တုတ်​ကို​ငါ​ကိုင်​ထား​တော်​မူ​မည် ဖြစ်​ကြောင်း​သူ​တို့​အား​ပြော​ကြား​လော့။

20. ``သင်​ရေး​မှတ်​ထား​သော​တုတ်​နှစ်​ချောင်း​ကို လူ​များ​မြင်​သာ​အောင်​လက်​တွင်​ကိုင်​ထား လော့။-

21. ထို​နောက်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သူ​တို့ ရောက်​ရှိ​နေ​ရာ​လူ​မျိုး​တ​ကာ​တို့​အ​ထဲ​မှ ထုတ်​ယူ​စု​သိမ်း​ပြီး​လျှင် သူ​တို့​ကိုယ်​ပိုင်​တိုင်း ပြည်​သို့​ခေါ်​ဆောင်​လာ​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ပြ​လော့။-

22. ငါ​သည်​သူ​တို့​အား​ထို​ပြည်​တွင်​ဣသ​ရေ​လ တောင်​များ​ပေါ်​မှာ​လူ​မျိုး​တစ်​မျိုး​တည်း ဖြစ်​စေ​တော်​မူ​မည်။ သူ​တို့​၌​အုပ်​စိုး​မည့် ဘု​ရင်​တစ်​ပါး​တည်း​ရှိ​လိမ့်​မည်။ လူ​မျိုး နှစ်​မျိုး​နိုင်​ငံ​နှစ်​နိုင်​ငံ​ကွဲ​ပြား​လျက် မ​ရှိ​ရ။-

23. သူ​တို့​သည်​နောက်​တစ်​ဖန်​စက်​ဆုပ်​ဖွယ်​ရာ ရုပ်​တု​များ​အား​ဖြင့်​မိ​မိ​တို့​ကို​မ​ညစ် ညမ်း​စေ​ရ။ အ​ပြစ်​ကူး​လွန်​မှု​အား​ဖြင့် စာ​ရိတ္တ​မ​ပျက်​စီး​ရ။ ငါ​သည်​သူ​တို့​အား အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဖောက်​ပြန်​မှု​အ​မျိုး မျိုး​မှ​ကယ်​တင်​၍​စင်​ကြယ်​စေ​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။-

24. ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​လိမ့်​မည်။ သူ​တို့ အား​လုံး​သိုး​ထိန်း​တစ်​ပါး​တည်း​၏​လက် အောက်​၌​စု​စည်း​ကြ​လျက် ငါ​၏​ပ​ညတ် တော်​တို့​ကို​သစ္စာ​ရှိ​စွာ​စောင့်​ထိန်း​၍​ငါ ၏​အ​မိန့်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-

25. သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​နေ​ထိုင် ခဲ့​ကြ​သည့်​ပြည်​တည်း​ဟူ​သော​ငါ​၏​အ​စေ ခံ​ယာ​ကုပ်​အား ငါ​ပေး​အပ်​သည့်​ပြည်​တွင် နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​နည်း​တူ​သူ တို့​၏​သား​သ​မီး​များ​နှင့်​အ​ဆက်​အ​နွယ် အ​ပေါင်း​တို့​သည်​ထို​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါဝိဒ် ကဲ့​သို့​သော​ဘု​ရင်​သည်​သူ​တို့​ကို​အ​စဉ် အုပ်​စိုး​လိမ့်​မည်။-

26. ထာ​ဝ​စဉ်​ငြိမ်း​ချမ်း​ရေး​အ​တွက်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​တည်​ထောင်​ပေး လျက်​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ငါ​၏​ဗိ​မာန် တော်​ကို​သူ​တို့​ပြည်​တွင်​အ​စဉ်​အ​မြဲ​တည် စေ​မည်။-

27. ငါ​သည်​ထို​အ​ရပ်​တွင်​သူ​တို့​နှင့်​အ​တူ​ကိန်း ဝပ်​၍​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ သူ​တို့ သည်​လည်း​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့် မည်။-

28. ငါ​သည်​သူ​တို့​၏​အ​လယ်​၌​ငါ​၏​ဗိ​မာန် တော်​ကို​အ​စဉ်​အ​မြဲ​တည်​ရှိ​စေ​သော​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​သည်​သန့်​ရှင်း​စေ​တော်​မူ​ကြောင်း​ကို​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 37