1. ထာဝရဘုရား၏တန်ခိုးတော်သည်ငါ့ကို လွှမ်းမိုး၍ကိုယ်တော်၏ဝိညာဉ်တော်သည် ငါ့ ကိုဆောင်သွားပြီးလျှင်အရိုးများဖြင့်ဖုံး လွှမ်းနေသည့်ချိုင့်ဝှမ်းတွင်ချထားတော် မူ၏။-
2. ကိုယ်တော်သည်ငါ့အားထိုချိုင့်ဝှမ်းတစ်လျှောက် သို့ခေါ်ဆောင်သွားတော်မူသဖြင့် ထိုအရပ်၌ အရိုးအမြောက်အမြားရှိသည့်အပြင်၊ ထို အရိုးတို့သည်အလွန်သွေ့ခြောက်လျက်နေ သည်ကိုလည်းငါမြင်ရလေသည်။-
3. ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊ငါက``အို အရှင်ထာဝရဘုရား၊ ဤမေးခွန်း ကိုကိုယ်တော်ရှင်သာလျှင်ဖြေကြားတော် မူနိုင်ပါ၏'' ဟုလျှောက်ထား၏။
4. ကိုယ်တော်က``အရိုးတို့အားဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသောစကား တော်ကိုနားထောင်ကြရန်ထိုအရိုးတို့ အားပြောကြားလော့။-
5. ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားသူတို့အား ငါသည်သင်တို့အထဲသို့ ထွက်သက်ဝင်သက်လေကိုမှုတ်သွင်းကာ သင် တို့အားအသက်ပြန်၍ရှင်စေတော်မူမည်။-
6. သင်တို့တွင်အကြောများအသားများတက် စေ၍ အရေများဖြင့်ဖုံးလွှမ်းပေးမည်။ သင် တို့အထဲသို့ထွက်သက်ဝင်သက်လေကိုမှုတ် သွင်းကာသင်တို့ကိုအသက်ပြန်၍ရှင်စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသင်တို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။