အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 35 Common Language Bible (BCL)

ဧ​ဒုံ​ပြည်​ကို​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``စိ​ရ​တောင်​သို့​လှည့်​၍​ထို​ပြည် ကို​ရှုတ်​ချ​လော့။-

3. လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။

4. သင်​၏​မြို့​တို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​၍ သင့်​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း သင်​သိ​ရှိ​လိမ့်​မည်။''

5. ``သင်​သည်​ဣသ​ရေ​လ​ပြည်​အား​အ​စဉ်​ရန် ငြိုး​ဖွဲ့​၏။ ထို​ပြည်​သည်​မိ​မိ​၏​ဒု​စ​ရိုက်​များ ကြောင့်​အ​ပြစ်​ဒဏ်​သင့်​၍ ဘေး​အန္တ​ရာယ်​ရောက် သော​အ​ခါ​သင်​သည်​ထို​ပြည်​သူ​တို့​အား သတ်​ဖြတ်​စေ​ခဲ့​၏။-

6. သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သော ကြောင့်​သင်​သည်​သေ​ရ​လိမ့်​မည်။ အ​သက် ချမ်း​သာ​ရ​နိုင်​မည်​မ​ဟုတ်။ သင်​သည်​လူ သတ်​သ​မား​ဖြစ်​သ​ဖြင့်​သင်​ကိုယ်​တိုင် အ​သတ်​ခံ​ရ​လိမ့်​မည်။-

7. ငါ​သည်​စိ​ရ​တောင်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​လျက် ယင်း​ကို​ဖြတ်​သန်း သွား​လာ​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပစ် မည်။-

8. တောင်​များ​ကို​လူ​သေ​အ​လောင်း​များ​နှင့်​ဖုံး လွှမ်း​စေ​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ အ​လောင်း​များ​သည်​တောင်​ကုန်း​များ၊ ချောင်း များ၊ ချိုင့်​ဝှမ်း​များ​တွင်​ပြည့်​နှက်​၍​နေ​လိမ့် မည်။-

9. ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။

10. ``ငါ​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ လျက် သင်​သည်​ထို​လူ​မျိုး​တို့​နှင့်​သူ​တို့​၏ ပြည်​များ​ကို​ပိုင်​၍ မိ​မိ​လက်​ဝယ်​သို့​ရောက် ရှိ​စေ​မည်​ဟူ​၍​ဆို​ချေ​သည်။-

11. သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည် အ​တိုင်း ငါ​၏​လူ​မျိုး​တော်​အား​သင်​အ​မျက် ထွက်​ခြင်း၊ ငြူ​စူ​ခြင်း၊ မုန်း​ထား​ခြင်း​ကြောင့် သင့်​အား​ငါ​စီ​ရင်​မည်။ သင်​သည်​သူ​တို့ အား​ပြု​ခဲ့​သည့်​အ​မှု​များ​အ​တွက်​အ​ပြစ် ဒဏ်​ခံ​ရ​ကြောင်း​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်။-

12. ထို​အ​ခါ​ဣ​သ​ရေ​လ​တောင်​များ​သည်​လူ သူ​ဆိတ်​ငြိမ်​ရာ၊ သင်​တိုက်​ခိုက်​လု​ယူ​ရာ အ​ရပ်​များ​ဖြစ်​သည်​ဟု​သင်​ကဲ့​ရဲ့​ပြော ဆို​သည့်​စ​ကား​များ​ကို ငါ​ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​ကြောင်း​ကို​သင်​သိ​ရှိ ရ​လိမ့်​မည်။-

13. သင်​သည်​ငါ့​အား​ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရမ်း​ကာ​ရော​ကြွား​ဝါ​ပြော​ဆို​သည် ကို​ငါ​ကြား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။