ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 34:9-27 Common Language Bible (BCL)

9. သို့​ဖြစ်​၍​အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

10. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​၏ ရန်​သူ​ဖြစ်​၍ ငါ​၏​သိုး​တို့​သည်​သင့်​တာ​ဝန် ဖြစ်​ကြောင်း​အ​တိ​အ​လင်း​ကြေ​ညာ​၏။ ငါ သည်​မိ​မိ​၏​သိုး​များ​ကို​သင်​တို့​ထံ​မှ​သိမ်း ယူ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​သည် သူ​တို့​အား​ထိန်း​ကျောင်း​ခွင့်​နှင့် မိ​မိ​တို့​ကိုယ် ကို​သာ​လျှင်​ကြည့်​ရှု​ပြု​စု​ခွင့်​ကို​ငါ​ပေး တော့​မည်​မ​ဟုတ်။ သိုး​တို့​သည်​သင်​တို့​၏ အ​စာ​မ​ဖြစ်​အောင် ငါ​သည်​မိ​မိ​သိုး​တို့ ကို​သင်​တို့​လက်​မှ​ကယ်​ဆယ်​မည်။

11-12. ``သင်​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား က​စဥ့်​က​ရဲ​ဖြစ်​ပြီး​နောက် ပြန်​လည်​စု​သိမ်း​ရ​ရှိ​သည့်​သိုး​တို့​ကို​သိုး ထိန်း​သည်​စောင့်​ထိန်း​ကြည့်​ရှု​သ​ကဲ့​သို့ ငါ သည်​မိ​မိ​၏​သိုး​တို့​ကို​လိုက်​လံ​ရှာ​ဖွေ​ကာ စောင့်​ထိန်း​ကြည့်​ရှု​မည်။ မိုး​အ​မှောင်​ကျ​သည့် နေ့​ရက်​၌​သူ​တို့​က​စဥ့်​က​ရဲ​ဖြစ်​၍​သွား ရာ​အ​ရပ်​ရပ်​မှ​ငါ​သည်​သူ​တို့​အား​ပြန် လည်​ခေါ်​ခဲ့​မည်။-

13. နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-

14. တောင်​ပေါ်​မြက်​ခင်း​များ၊ ဣ​သ​ရေ​လ​ပြည် စိမ်း​လန်း​သော​စား​ကျက်​များ​တွင်​ကျက်​စား စေ​မည်။ ကောင်း​သော​စား​ကျက်​များ​တွင်​လဲ လျောင်း​စေ​၍ စိမ်း​လန်း​သော​စား​ကျက်​များ တွင်​ကျက်​စား​စေ​မည်။-

15. ငါ​ကိုယ်​တိုင်​မိ​မိ​၏​သိုး​များ​ကို​ထိန်း​ကျောင်း ၍ သူ​တို့​အိပ်​နား​စ​ရာ​အ​ရပ်​များ​ကို​ရှာ​၍ ပေး​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

16. ``ငါ​သည်​ပျောက်​သော​သိုး​များ​ကို​ရှာ​၍ လမ်း​မှား​သော​သိုး​တို့​ကို​ပြန်​လည်​ခေါ်​ခဲ့ မည်။ ဒဏ်​ရာ​ရ​သော​သိုး​များ​ကို​အ​ဝတ် နှင့်​စည်း​ကာ​ဖျား​နာ​သော​သိုး​တို့​ကို​ဆေး ကု​ပေး​မည်။ သို့​ရာ​တွင်​ဝ​ဖြိုး​သန်​မာ​သော သိုး​တို့​ကို​ပယ်​ရှား​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​မှန်​ရာ​ကို​ပြု​လုပ်​တတ်​သည့် သိုး​ထိန်း​ဖြစ်​သော​ကြောင့်​တည်း။

17. ``သို့​ဖြစ်​၍ ငါ​၏​သိုး​စု၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ငါ​သည်​သင် တို့​အ​သီး​သီး​အား​တ​ရား​စီ​ရင်​မည်။ ကောင်း သူ​ဆိုး​သူ​တည်း​ဟူ​သော​သိုး​နှင့်​ဆိတ်​ကို ခွဲ​ခြား​သတ်​မှတ်​မည်။-

18. သင်​တို့​အ​ချို့​သည်​မြက်​အ​ကောင်း​ဆုံး​ကို စား​ရ​ကြ​သော်​လည်း​ကျေ​နပ်​မှု​မ​ရှိ။ မိ​မိ တို့​မ​စား​သည့်​မြက်​များ​ကို​ခြေ​ဖြင့်​နင်း ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​ရေ​ကြည် ကို​သောက်​၍​သင်​တို့​မ​သောက်​သည့်​ရေ​ကို နောက်​ကျိ​အောင်​ပြု​ကြ​ပါ​သည်​တ​ကား။-

19. ငါ​၏​အ​ခြား​သိုး​တို့​သည်​သင်​တို့​ခြေ​ဖြင့် နင်း​၍​ထား​သည့်​မြက်​ကို​စား​လျက် သင်​တို့ နောက်​ကျိ​စေ​သည့်​ရေ​ကို​သောက်​ကြ​၏။

20. ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သင်​တို့ အား​မိန့်​တော်​မူ​သည်​ကား ငါ​သည်​သင်​တို့ သိုး​ဝ​များ​နှင့်​သိုး​ပိန်​များ​အ​မှု​ကို​တ​ရား စီ​ရင်​မည်။-

21. သင်​တို့​သည်​ဖျား​နာ​နေ​သော​သိုး​တို့​ကို ဘေး​သို့​တွန်း​ဖယ်​ကာ သိုး​အုပ်​ထဲ​မှ​ချို နှင့်​ဝှေ့​ထုတ်​ကြ​၏။-

22. သို့​ရာ​တွင်​ငါ​၏​သိုး​တို့​အား​နောက်​တစ်​ဖန် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​စေ​တော့​မည်​မ ဟုတ်။ ငါ​သည်​ငါ​၏​သိုး​တစ်​ကောင်​စီ​ကို တ​ရား​စီ​ရင်​မည်။-

23. သူ​တို့​၏​တစ်​ဦး​တည်း​သော​သိုး​ထိန်း​အ​ဖြစ် ဖြင့် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် အား​ခန့်​ထား​မည်။ သူ​သည်​သူ​တို့​အား​စောင့် ထိန်း​ကြည့်​ရှု​လိမ့်​မည်။-

24. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့ သော​ဘု​ရင်​သည်​လည်း သူ​တို့​၏​ဘု​ရင် ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-

25. သူ​တို့​၏​လုံ​ခြုံ​ရေး​ကို​စိတ်​ချ​ရ​စေ​ရန်​ငါ သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​မည်။ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​သား​ရဲ​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ပြည်​တွင်း​မှ​ဖယ်​ရှား​ပစ်​မည်။ သို့​မှ​သာ​လျှင်​ငါ​၏​သိုး​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​တော​ကန္တာ​ရ​များ​၌​နေ​ရ​ကြ ၍ တော​များ​တွင်​အိပ်​ရ​ကြ​လိမ့်​မည်။

26. ``ငါ​သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​၍ ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပတ်​လည် တွင်​နေ​စေ​မည်။ အ​ချိန်​တန်​သော​အ​ခါ ကောင်း​ချီး​မိုး​ရေ​ကို​ကျ​စေ​မည်။-

27. သစ်​ပင်​များ​သည်​အ​သီး​သီး​ကြ​လျက်​လယ် ပြင်​တို့​သည် အ​သီး​အ​နှံ​ထွက်​ကြ​လိမ့်​မည်။ လူ အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ လူ​မျိုး​တော်​အား​ချည်​နှောင်​ထား​သော​ထမ်း ပိုး​များ​ကို​ဖြတ်​တောက်​၍ သူ​တို့​အား​ကျွန် ဘ​ဝ​မှ​လွတ်​မြောက်​စေ​သော​အ​ခါ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့ သိ​ရှိ​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 34