ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 34:7-14 Common Language Bible (BCL)

7. ``အ​ချင်း​သိုး​ထိန်း​တို့၊ ယ​ခု​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-

8. ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​သည်​ငါ ၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သိုး​ထိန်း မ​ရှိ​သ​ဖြင့်​ငါ​၏​သိုး​တို့​အား​သား​ရဲ တိ​ရစ္ဆာန်​များ​သတ်​ဖြတ်​ကိုက်​စား​ကြ​လေ ပြီ။ ငါ့​သိုး​ထိန်း​တို့​သည်​သိုး​ကို​လိုက်​၍ မ​ရှာ​ကြ။ သူ​တို့​သည်​မိ​မိ​တို့​ကို​သာ လျှင်​ကြည့်​ရှု​စောင့်​ရှောက်​လျက်​သိုး​တို့ ကို​မူ​မ​စောင့်​ထိန်း​ကြ။-

9. သို့​ဖြစ်​၍​အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

10. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​၏ ရန်​သူ​ဖြစ်​၍ ငါ​၏​သိုး​တို့​သည်​သင့်​တာ​ဝန် ဖြစ်​ကြောင်း​အ​တိ​အ​လင်း​ကြေ​ညာ​၏။ ငါ သည်​မိ​မိ​၏​သိုး​များ​ကို​သင်​တို့​ထံ​မှ​သိမ်း ယူ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​သည် သူ​တို့​အား​ထိန်း​ကျောင်း​ခွင့်​နှင့် မိ​မိ​တို့​ကိုယ် ကို​သာ​လျှင်​ကြည့်​ရှု​ပြု​စု​ခွင့်​ကို​ငါ​ပေး တော့​မည်​မ​ဟုတ်။ သိုး​တို့​သည်​သင်​တို့​၏ အ​စာ​မ​ဖြစ်​အောင် ငါ​သည်​မိ​မိ​သိုး​တို့ ကို​သင်​တို့​လက်​မှ​ကယ်​ဆယ်​မည်။

11-12. ``သင်​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား က​စဥ့်​က​ရဲ​ဖြစ်​ပြီး​နောက် ပြန်​လည်​စု​သိမ်း​ရ​ရှိ​သည့်​သိုး​တို့​ကို​သိုး ထိန်း​သည်​စောင့်​ထိန်း​ကြည့်​ရှု​သ​ကဲ့​သို့ ငါ သည်​မိ​မိ​၏​သိုး​တို့​ကို​လိုက်​လံ​ရှာ​ဖွေ​ကာ စောင့်​ထိန်း​ကြည့်​ရှု​မည်။ မိုး​အ​မှောင်​ကျ​သည့် နေ့​ရက်​၌​သူ​တို့​က​စဥ့်​က​ရဲ​ဖြစ်​၍​သွား ရာ​အ​ရပ်​ရပ်​မှ​ငါ​သည်​သူ​တို့​အား​ပြန် လည်​ခေါ်​ခဲ့​မည်။-

13. နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-

14. တောင်​ပေါ်​မြက်​ခင်း​များ၊ ဣ​သ​ရေ​လ​ပြည် စိမ်း​လန်း​သော​စား​ကျက်​များ​တွင်​ကျက်​စား စေ​မည်။ ကောင်း​သော​စား​ကျက်​များ​တွင်​လဲ လျောင်း​စေ​၍ စိမ်း​လန်း​သော​စား​ကျက်​များ တွင်​ကျက်​စား​စေ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 34