ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 34:28-31 Common Language Bible (BCL)

28. လူ​မျိုး​တ​ကာ​တို့​သည်​သူ​တို့​အား​နောင် အ​ဘယ်​အ​ခါ​၌​မျှ လု​ယက်​တိုက်​ခိုက်​ကြ တော့​မည်​မ​ဟုတ်။ သား​ရဲ​တိ​ရစ္ဆာန်​များ​သည် လည်း​သူ​တို့​အား​သတ်​ဖြတ်​ကိုက်​စား​ကြ တော့​မည်​မ​ဟုတ်။ သူ​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​အား​အ​ဘယ် သူ​မျှ​ထိတ်​လန့်​တုန်​လှုပ်​စေ​ကြ​လိမ့်​မည် မ​ဟုတ်။-

29. ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း သည့်​လယ်​ယာ​များ​ကို​ပေး​၍ ပြည်​တွင်း​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​ကင်း​ဝေး စေ​မည်။ အ​ခြား​လူ​မျိုး​များ​သည်​လည်း သူ​တို့​အား​အ​ဘယ်​အ​ခါ​မျှ​ပြောင်​လှောင် ကြ​တော့​မည်​မ​ဟုတ်။-

30. သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကာ ကွယ်​လျက်​ရှိ​ကြောင်း၊ သူ​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​ကြ​ကြောင်း​လူ​တိုင်း​ပင်​သိ​ရှိ ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

31. ``ငါ​၏​သိုး​များ၊ ငါ​ကျွေး​မွေး​ပြု​စု​သည့် သိုး​စု၊ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် ၍​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 34