ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 34:1-7 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တို့​အား​ရှုတ် ချ​လော့။ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို ရ​မည်​မှာ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား များ​၏​သိုး​ထိန်း​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို ကျွေး​မွေး​ပြု​စု​ကြ​သော်​လည်း​သိုး​များ ကို​မူ​မ​စောင့်​ထိန်း​ကြ။-

3. သင်​တို့​သည်​သိုး​နို့​ကို​သောက်​လျက်​သိုး​မွေး ထည်​ကို​ဝတ်​ဆင်​ပြီး​လျှင် ဆူ​ဖြိုး​သော​သိုး များ​ကို​သတ်​၍​စား​ကြ​၏။ သို့​ရာ​တွင်​သိုး တို့​ကို​မူ​အ​ဘယ်​အ​ခါ​၌​မျှ​မ​စောင့်​ထိန်း ကြ။-

4. အား​နည်း​သော​သိုး​တို့​ကို​မ​ကြည့်​ရှု။ နာ ဖျား​သော​သိုး​တို့​ကို​လည်း​ဆေး​မ​ကု။ ဒဏ် ရာ​ရ​သော​သိုး​တို့​ကို​အ​ဝတ်​နှင့်​မ​စည်း။ လမ်း​မှား​သည့်​သိုး​တို့​ကို​ပြန်​၍​မ​စု​သိမ်း။ ပျောက်​သော​သိုး​တို့​ကို​လည်း​မ​ရှာ​ဘဲ​သင် တို့​သည်​ထို​သိုး​တို့​ကို​မ​ညှာ​မ​တာ​ပြု​မူ ကြ​၏။-

5. သိုး​တို့​သည်​သိုး​ထိန်း​မ​ရှိ​သ​ဖြင့်​က​စဥ့် က​ရဲ​ဖြစ်​ကာ​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​ရ​ကြ​၏။-

6. သို့​ဖြစ်​၍​ငါ​၏​သိုး​တို့​သည်​တောင်​များ၊ ကုန်း​မြင့်​များ​ပေါ်​တွင်​လှည့်​လည်​၍​နေ​ရ ကြ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​တစ်​ပြင်​လုံး တွင်​ပျံ့​လွင့်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား ရှာ​ဖွေ​သူ၊ ရှာ​ဖွေ​ရန်​အား​ထုတ်​သူ​တစ်​ယောက် မျှ​မ​ရှိ။

7. ``အ​ချင်း​သိုး​ထိန်း​တို့၊ ယ​ခု​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 34