ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 32:16-23 Common Language Bible (BCL)

16. ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

17. ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​ငါး​ရက် နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

18. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။

19. သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာသင်​တို့​သည်​သူ​တစ်​ပါး​ထက်​ပို​၍ တင့်​တယ်​ကြ​သ​လော။လူ​သေ​တို့​၏​ကမ္ဘာ​သို့​ဆင်း​၍​အ​ရေ​ဖျား လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​အိပ်​ကြ​လော့။

20. ``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။-

21. အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။''

22. ``အာ​ရှု​ရိ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း များ​ခြံ​ရံ​လျက်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့ အား​လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ ဖြစ်​ကြ​၏။-

23. သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 32