ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 32:1-15 Common Language Bible (BCL)

1. ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒွါ​ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-

3. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​လူ​မျိုး​တ​ကာ တို့​တွေ့​ဆုံ​စု​ဝေး​ကြ​သော​အ​ခါ ငါ​သည် သင့်​အား​ပိုက်​ကွန်​ဖြင့်​အုပ်​၍​ဖမ်း​ကာ​သူ တို့​အား​ကမ်း​သို့​ဆွဲ​တင်​စေ​မည်။-

4. ထို​နောက်​ကုန်း​ပေါ်​တွင်​ချ​ထား​စေ​ပြီး ကွင်း ပြင်​ထဲ​သို့​ဆွဲ​သွား​မည်။ ကမ္ဘာ​ပေါ်​ရှိ​ငှက် များ​နှင့်​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ​မည်။-

5. သင်​၏​ပုပ်​ပျက်​နေ​သော​အ​လောင်း​ဖြင့် တောင်​များ၊ ချိုင့်​ဝှမ်း​များ​ကို​ငါ​ဖုံး​လွှမ်း​မည်။-

6. မြေ​ကြီး​ကို​သင်​၏​သွေး​နှင့်​စို​စေ​မည်။ ထို သွေး​သည်​တောင်​ထိပ်​တိုင်​အောင်​စို​မည်။ မြစ် တို့​သည်​သင့်​သွေး​ဖြင့်​ပြည့်​လျှံ​လိမ့်​မည်။-

7. သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-

8. ငါ​သည်​မိုး​ကောင်း​ကင်​မှ​အ​လင်း​အိမ်​ရှိ သ​မျှ​ကို​ကွယ်​ပျောက်​စေ​၍​သင့်​ပြည်​၌ အ​မှောင်​ကျ​စေ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

9. ``သင်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့​ဘူး သည့်​တိုင်း​ပြည်​များ​သို့ သင်​ပျက်​စီး​သည့် သ​တင်း​ကို​ငါ​လွှင့်​လိုက်​သော​အ​ခါ​လူ​မျိုး တ​ကာ​တို့​သည်​စိတ်​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။-

10. သင့်​အား​ငါ​ပြု​သော​အ​မှု​ကြောင့်​သူ​တို့ သည်​အံ့​အား​သင့်​ကြ​လိမ့်​မည်။ ငါ​သည်​ဋ္ဌား ကို​ဝှေ့​ယမ်း​လိုက်​သော​အ​ခါ​ရှင်​ဘု​ရင် များ​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သင်​ပြို​လဲ​သော​နေ့​၌​သူ​တို့​အား​လုံး​ပင် မိ​မိ​တို့​၏​အ​သက်​အန္တ​ရာယ်​အ​တွက်​စိုး ရိမ်​ပူ​ပန်​ကာ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

11. အ​ရှင်​ထာ​ဝရ​ဘု​ရား​က​အီ​ဂျစ်​ဘု​ရင် အား``သင်​သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား​ကို ရင်​ဆိုင်​ရ​လိမ့်​မည်။-

12. ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။-

13. ငါ​သည်​သင်​၏​တိ​ရစ္ဆာန်​များ​ကို​သူ​တို့​ရေ သောက်​ရာ​အ​ရပ်​မှန်​သ​မျှ​တို့​တွင်​သတ်​ဖြတ် မည်။ ရေ​ကို​နောက်​စေ​မည့်​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ တော့​မည်​မ​ဟုတ်။-

14. ငါ​သည်​သင်​၏​ရေ​တို့​ကို​အ​နယ်​ထိုင်​၍ ကြည်​လင်​လာ​စေ​မည်။ သင်​၏​မြစ်​များ​ကို လည်း​ဆီ​ကဲ့​သို့​ငြိမ်​သက်​စွာ​စီး​စေ​မည်။ ဤ ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-

15. အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 32