ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 31:7-13 Common Language Bible (BCL)

7. ထို​အာ​ရစ်​ပင်​သည်​လွန်​စွာ​လှ​ပ​တင့်​တယ်​၏။ရှည်​လျား​သော​အ​ကိုင်း​အ​ခက်​များ​ရှိ​၍ အ​လွန်​မြင့်​မား​၏။ယင်း​၏​အ​မြစ်​တို့​သည်​လည်း​မြေ​အောက်စမ်း​ချောင်း​များ​တိုင်​အောင်​ထိုး​ဆင်း​သွား​ကြ​၏။

8. ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​မှ​အာ​ရစ်​ပင်​တို့ ပင်​လျှင် ထို​အ​ပင်​ကို​မ​ယှဉ်​ပြိုင်​နိုင်။အ​ဘယ်​ထင်း​ရှူး​ပင်​၌​မျှ​ဤ​သို့​သော အ​ကိုင်း​အ​ခက်​များ​မ​ရှိ။အ​ဘယ်​သ​ဖန်း​ပိုး​စာ​ပင်​၌​မျှ​ဤ​သို့​သော အ​ခက်​အ​လက်​ကြီး​များ​မ​ရှိ။ဥ​ယျာဉ်​တော်​၌​ပင်​ဤ​သို့​လှ​ပ​တင့်​တယ်​သော သစ်​ပင်​မ​ရှိ။

9. ငါ​သည်​ထို​အ​ပင်​ကို​ဝေ​ဆာ​သော အ​ကိုင်း​အ​ခက်​များ​ဖြင့်လှ​ပ​တင့်​တယ်​အောင်​ပြု​လုပ်​ထား​သ​ဖြင့်ဧ​ဒင်​အ​ရပ်၊ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော် မှ သစ်​ပင်​တ​ကာ​တို့​က​ပင်​မ​နာ​လို​ဖြစ် ကြ​၏။''

10. ``သို့​ဖြစ်​၍​ထို​အ​ပင်​အ​ဘယ်​သို့​ဖြစ်​မည် ကို​သင့်​အား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖော်​ပြ အံ့။ အာ​ရစ်​ပင်​သည်​သစ်​ကိုင်း​သစ်​ခက်​များ အ​ထက် မိုး​တိမ်​တိုင်​အောင်​မြင့်​မား​လာ​၏။ ယင်း​သည်​ဤ​သို့​မြင့်​မား​လာ​လေ​လေ​ပို​၍ မာန်​မာန​ထောင်​လွှား​လေ​လေ​ဖြစ်​၏။-

11. ထို့​ကြောင့်​ငါ​သည်​ထို​အ​ပင်​ကို​ပစ်​ပယ်​ကာ လူ​မျိုး​ခြား​ဘု​ရင်​တစ်​ပါး​၏​လက်​သို့​ပေး အပ်​မည်။ သူ​သည်​ထို​အ​ပင်​အား​ယင်း​၏​ဆိုး ယုတ်​မှု​နှင့်​ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး လိမ့်​မည်။-

12. ရက်​စက်​ကြမ်း​ကြုတ်​သော​လူ​မျိုး​ခြား​တို့ သည် ထို​အ​ပင်​ကို​ခုတ်​လှဲ​၍​ပစ်​ထား​ခဲ့​ကြ လိမ့်​မည်။ ယင်း​၏​အ​ကိုင်း​အ​ခက်​များ​နှင့် ကျိုး​ပဲ့​ကုန်​သော​အ​ခက်​အ​လက်​ကြီး​များ သည်​တစ်​ပြည်​လုံး​ရှိ​တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း​များ​အ​ပေါ်​သို့​လဲ​ကျ​ကြ​လိမ့် မည်။ ထို​အ​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ​နေ ကြ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း ထွက်​ခွာ​သွား​ကြ​လိမ့်​မည်။-

13. ငှက်​တို့​သည်​လာ​၍​လဲ​နေ​သော​အ​ပင်​တွင် နား​ကြ​လိမ့်​မည်။ တော​ရဲ​တိ​ရစ္ဆာန်​တို့​သည် ယင်း​၏​အ​ကိုင်း​အ​ခက်​များ​ကို​ကျော်​နင်း ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 31