ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 31:1-4 Common Language Bible (BCL)

1. ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော တစ်​ဆယ့်​တစ်​နှစ် မြောက်၊ တ​တိ​ယ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘု​ရင် နှင့်​သူ​၏​ပြည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာသင်​တို့​သည်​လွန်​စွာ​တန်​ခိုး​ကြီး​ကြ​ပါ ပေ​သည်။သင်​တို့​အား​အ​ဘယ်​သို့​နှိုင်း​ယှဉ်​၍​ပြ​ရ မည်​နည်း။

3. အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။

4. ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သ​ဖြင့်​အ​ပင်​ကြီး ထွား​လာ​နိုင်​၏။မြေ​အောက်​စမ်း​များ​မှ​လည်း​ရေ​ကို​ရ​ရှိ​၏။ထို​မြစ်​တို့​သည်​အာ​ရစ်​ပင်​ပေါက်​ရာ​အ​ရပ်​သို့ စီး​ပြီး​လျှင်သစ်​တော​ထဲ​ရှိ​အ​ခြား​သော​အ​ပင်​များ​သို့ ချောင်း​များ​ဖြင့်​ရေ​ကို​ပို့​ဆောင်​ပေး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 31