ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 29:17-21 Common Language Bible (BCL)

17. ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့ ၌​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

18. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​တု​ရု​မြို့​ကို တိုက်​ခိုက်​ခဲ့​၏။ သူ​သည်​မိ​မိ​၏​စစ်​သူ​ရဲ တို့​အား​အ​လွန်​လေး​လံ​သော​ဝန်​တို့​ကို ထမ်း​စေ​သည်​ဖြစ်​၍ သူ​တို့​၏​ခေါင်း​ပြောင် ၍​ပ​ခုံး​များ​သည်​လည်း​ပေါက်​ပြဲ​ကုန်​၏။ ယင်း​သို့​ဒုက္ခ​ခံ​သော်​လည်း​စစ်​သူ​ရဲ​နှင့် ဘု​ရင်​သည်​အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ခံ​စား​ရ​ကြ။-

19. သို့​ဖြစ်​၍​ငါ​အရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​မှာ အီ​ဂျစ်​ပြည်​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​လက်​သို့​ငါ​အပ်​မည်။ သူ​သည်​လု​ယက်​တိုက်​ခိုက်​ကာ​အီ​ဂျစ်​ပြည် ၏​ဥစ္စာ​ဋ္ဌန​ရှိ​သ​မျှ​ကို မိ​မိ​၏​တပ်​မ​တော် အ​တွက်​သိမ်း​ယူ​သွား​လိမ့်​မည်။-

20. သူ​သည်​မိ​မိ​၏​တပ်​မ​တော်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ခဲ့​သည်​ဖြစ်​၍ ငါ​သည် သူ့​အား​အီ​ဂျစ်​ပြည်​ကို​ပေး​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။

21. ``ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဦး​ချို​တည်း​ဟူ​သော​ခွန်​အား​ကြီး​စေ မည်။ ထို​နောက်​အ​ချင်း​ယေ​ဇ​ကျေ​လ၊ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ​ရန်​သင့်​အား ဟော​ပြော​စေ​မည်''ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 29