ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 29:1-4 Common Language Bible (BCL)

1. ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​ဆယ်​နှစ်​မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘုရင် ကို​ရှုတ်​ချ​လော့။ သူ​နှင့်​တ​ကွ​အီ​ဂျစ်​တစ် ပြည်​လုံး​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။-

3. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​သည်​ကို အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​မင်း​အား ဆင့်​ဆို​ရ​မည်​မှာ မြစ်​ထဲ​ရှိ​ခွန်​အား​ကြီး​မား သော​အ​ချင်း​မိ​ကျောင်း၊ ငါ​သည်​သင်​၏​ရန်​သူ ဖြစ်​၏။ နိုင်း​မြစ်​ကို​သင်​ပိုင်​သည်၊ ထို​မြစ်​ကား သင်​ဖန်​ဆင်း​ထား​သော​အ​ရာ​ဖြစ်​သည်​ဟု သင်​ဆို​၏။-

4. ငါ​သည်​သင်​၏​မေး​ရိုး​ကို​သံ​ချိတ်​ဖြင့်​ချိတ် ၍ သင်​၏​မြစ်​ထဲ​မှ​ငါး​တို့​ကို​သင့်​ကိုယ်​တွင် ကပ်​၍​နေ​စေ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 29