ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 28:9-24 Common Language Bible (BCL)

9. သင့်​ကို​သတ်​မည့်​သူ​တို့​ရှေ့​တွင် သင်​သည် ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ဦး​မည်​လော။ သူ​တို့ သင့်​ကို​သတ်​ရန်​လာ​ကြ​သော​အ​ခါ သင်​သည် ဘု​ရား​မ​ဟုတ်​တော့​ဘဲ​လူ​သား​မျှ​သာ​ဖြစ် ရ​ပေ​တော့​အံ့။-

10. သင်​သည်​လူ​မျိုး​ခြား​တို့​၏​လက်​တွင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သေး​သူ​ကဲ့​သို့ သေ ရ​ပေ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။

11. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

12. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် တွေ့​ကြုံ​ရ​မည့်​ကံ​ကြမ္မာ​အ​တွက်​ဝမ်း​နည်း ပူ​ဆွေး​လော့။ ငါ​အ​ရှင်​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သူ့​အား​ဆင့်​ဆို​ရ​မည် မှာ​သင်​သည်​အ​ခါ​တစ်​ပါး​က​ခြောက်​ပြစ် ကင်း​စံ​တင်​ထိုက်​သူ​ဖြစ်​ခဲ့​ဖူး​၏။ သင်​သည် အ​လွန်​ပ​ညာ​ရှိ​၍​အ​ဆင်း​လှ​သူ​ဖြစ်​ခဲ့ ပါ​သည်​တ​ကား။-

13. ဘု​ရား​သခင်​၏​ဥ​ယျာဉ်​တော်​ဧ​ဒင်​၌​စံ​ပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥ​ဿ​ဖ​ရား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ဂေါ်​မုတ်​အ​စ​ရှိ​သော ကျောက်​မျက်​ရ​တ​နာ​အ​မျိုး​မျိုး​တို့​ကို ဝတ်​စား​ဆင်​ယင်​ရ​၏။ သင်​၏​ဝတ်​စား​တန် ဆာ​များ​သည်​ရွှေ​ဖြင့်​ပြီး​၏။ ထို​ဝတ်​စား တန်​ဆာ​တို့​ကို​သင်​မွေး​ဖွား​သည့်​နေ့​၌​ပင် လျှင်​သင်​၏​အ​တွက်​ပြု​လုပ်​ခဲ့​၏။-

14. ငါ​သည်​သင့်​ကို​အ​စောင့်​ကောင်း​ကင်​တ​မန် တစ်​ပါး​အ​ဖြစ်​ဘိ​သိက်​ပေး​၏။ သင်​သည် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော် ပေါ်​တွင်​နေ​၍ အ​ရောင်​လက်​သော​ကျောက် မျက်​ရ​တ​နာ​များ​အ​လယ်​တွင်​သွား​လာ ရ​၏။-

15. သင်​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ဒု​စ​ရိုက် ကို​စ​တင်​ပြု​ကျင့်​ချိန်​အ​ထိ သင်​၏​အ​ပြု အ​မူ​များ​သည်​အ​ဘယ်​သို့​မျှ​အ​ပြစ်​ဆို စ​ရာ​မ​ရှိ။-

16. သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​မှု​များ​ပြား သည့်​အ​တွက် အ​ကြမ်း​ဖက်​မှု​နှင့်​အ​ပြစ်​ကူး လွန်​မှု​များ​ကို​ပြု​ကျင့်​လာ​လေ​သည်။ သို့ ဖြစ်​၍​ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော တောင်​ပေါ်​မှ​သင့်​ကို​ထွက်​စေ​ခဲ့​၏။ အို အ​စောင့် ကောင်း​ကင်​တ​မန်၊ အ​ရောင်​လက်​လျက်​နေ သည့်​ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ရာ​မှ သင့်​ကို​ငါ​နှင်​ထုတ်​ခဲ့​၏။-

17. သင်​သည်​မိ​မိ​၏​အ​ဆင်း​ကြောင့်​ဂုဏ်​ယူ​ဝါ ကြွား​ကာ မိ​မိ​၏​ဂုဏ်​သ​တင်း​ကြောင့်​လူ​မိုက် ကဲ့​သို့​ပြု​၏။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို​မြေ တိုင်​အောင်​နှိမ့်​ချ​၍ အ​ခြား​ဘု​ရင်​များ​အား သ​တိ​ပေး​သည့်​စံ​န​မူ​နာ​ဖြစ်​စေ​မည်။-

18. သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။-

19. သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

20. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-

21. ``အ​ချင်း​လူ​သား​ဇိ​ဒုန်​မြို့​ဘက်​သို့​လှည့်​၍ ထို​မြို့​ကို​ရှုတ်​ချ​လော့။-

22. ထို​မြို့​ရှိ​လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဇိ​ဒုန် မြို့၊ ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ကို​ငါ ပြု​သည့်​အ​မှု​အ​တွက်​လူ​တို့​သည် ငါ့​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​သင်​၏ လူ​တို့​အား​အ​ပြစ်​ဒဏ်​ပေး​၍ ငါ​၏​သန့်​ရှင်း မြင့်​မြတ်​မှု​ကို​ပြ​သော​အ​ခါ​ငါ​သည်​ထာ ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်။-

23. ငါ​သည်​သင်​၏​ထံ​သို့​ကပ်​ရော​ဂါ​များ​ကို စေ​လွှတ်​မည်။ သင်​၏​လမ်း​များ​တွင်​သွေး​ချောင်း စီး​စေ​မည်။ သင်​သည်​ဝိုင်း​ရံ​တိုက်​ခိုက်​ခြင်း ကို​ခံ​ရ​၍ သင်​၏​လူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

24. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မ​ထီ​မဲ့​မြင်​ပြု​သော​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး တို့​သည် နောက်​တစ်​ဖန်​နာ​ကျင်​စွာ​စူး​သော​ငြောင့် သ​ဖွယ်​မ​ဖြစ်​ရ။ ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 28