ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 28:17-26 Common Language Bible (BCL)

17. သင်​သည်​မိ​မိ​၏​အ​ဆင်း​ကြောင့်​ဂုဏ်​ယူ​ဝါ ကြွား​ကာ မိ​မိ​၏​ဂုဏ်​သ​တင်း​ကြောင့်​လူ​မိုက် ကဲ့​သို့​ပြု​၏။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို​မြေ တိုင်​အောင်​နှိမ့်​ချ​၍ အ​ခြား​ဘု​ရင်​များ​အား သ​တိ​ပေး​သည့်​စံ​န​မူ​နာ​ဖြစ်​စေ​မည်။-

18. သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။-

19. သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

20. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-

21. ``အ​ချင်း​လူ​သား​ဇိ​ဒုန်​မြို့​ဘက်​သို့​လှည့်​၍ ထို​မြို့​ကို​ရှုတ်​ချ​လော့။-

22. ထို​မြို့​ရှိ​လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဇိ​ဒုန် မြို့၊ ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ကို​ငါ ပြု​သည့်​အ​မှု​အ​တွက်​လူ​တို့​သည် ငါ့​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​သင်​၏ လူ​တို့​အား​အ​ပြစ်​ဒဏ်​ပေး​၍ ငါ​၏​သန့်​ရှင်း မြင့်​မြတ်​မှု​ကို​ပြ​သော​အ​ခါ​ငါ​သည်​ထာ ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်။-

23. ငါ​သည်​သင်​၏​ထံ​သို့​ကပ်​ရော​ဂါ​များ​ကို စေ​လွှတ်​မည်။ သင်​၏​လမ်း​များ​တွင်​သွေး​ချောင်း စီး​စေ​မည်။ သင်​သည်​ဝိုင်း​ရံ​တိုက်​ခိုက်​ခြင်း ကို​ခံ​ရ​၍ သင်​၏​လူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

24. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မ​ထီ​မဲ့​မြင်​ပြု​သော​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး တို့​သည် နောက်​တစ်​ဖန်​နာ​ကျင်​စွာ​စူး​သော​ငြောင့် သ​ဖွယ်​မ​ဖြစ်​ရ။ ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

25. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ကွဲ​လွင့်​လျက် နေ​ရာ​နိုင်​ငံ​များ​မှ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တစ်​ဖန်​ပြန်​၍​ငါ​စု​သိမ်း​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုယ် ပိုင်​ပြည်၊ ငါ​၏​အ​စေ​ခံ​ယာ​ကုပ်​အား​ငါ ပေး​အပ်​သည့်​ပြည်​၌​နေ​ရ​ကြ​လိမ့်​မည်။-

26. သူ​တို့​သည်​ထို​အ​ရပ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ရ​ကြ​လိမ့်​မည်။ အိမ်​များ​ကို​ဆောက်​၍ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​လိမ့်​မည်။ သူ​တို့​အား​မ​ထီ​မဲ့​မြင်​ပြု​ခဲ့​သူ​အိမ်​နီး ချင်း​အ​ပေါင်း​တို့​အား​ငါ​ဒဏ်​ပေး​သော အ​ခါ​ဘေး​မဲ့​လုံ​ခြုံ​လိမ့်​မည်။ ဣ​သ​ရေ​လ ပြည်​သည်​ဘေး​ကင်း​၍​နေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 28