ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 25:4-11 Common Language Bible (BCL)

4. ယင်း​သို့​သင်​တို့​ဝမ်း​မြောက်​မှု​အ​တွက် ငါ​သည် ရှေ့​အ​ရပ်​မှ​လူ​မျိုး​နွယ်​များ​လက်​သို့​သင်​တို့ ကို​ရောက်​စေ​မည်။ သူ​တို့​သည်​သင်​တို့​၏​ပြည် တွင်​စ​ခန်း​များ​ချ​၍​နေ​ထိုင်​ကြ​လိမ့်​မည်။ သင်​တို့​စား​ရ​မည့်​အ​သီး​အ​နှံ​ကို​စား​၍ သင်​တို့​သောက်​ရ​မည့်​နို့​ကို​သောက်​ကြ​လိမ့် မည်။-

5. ရဗ္ဗာ​မြို့​ကို​ကု​လား​အုတ်​တင်း​ကုတ်၊ အမ္မုန် ပြည်​တစ်​ခု​လုံး​ကို​သိုး​စား​ကျက်​ဖြစ်​စေ မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''

6. ``အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင်​တို့​သည်​လက်​ခုပ်​တီး​၍​ဝမ်း​မြောက်​စွာ ခုန်​ပေါက်​ကြ​၏။ ဣ​သ​ရေ​လ​ပြည်​ကို​ရွံ​ရှာ စက်​ဆုပ်​ကြ​၏။-

7. ထို​ကြောင့်​ငါ့​လက်​ကို​ဆန့်​လျက်​သင်​တို့​အား လု​ယက်​တိုက်​ခိုက်​ကြ​စေ​ရန် အ​ခြား​လူ​မျိုး တို့​၏​လက်​သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သင် တို့​အား​လုံး​ဝ​ပျက်​စီး​အောင်​စီ​ရင်​မည်​ဖြစ်​၍ သင်​တို့​သည်​ကိုယ်​ပိုင်​ပြည်​နှင့်​နေ​ရ​ကြ​တော့ မည်​မ​ဟုတ်။ လူ​မျိုး​တစ်​မျိုး​အ​နေ​ဖြင့်​လည်း ရပ်​တည်​နိုင်​ကြ​တော့​မည်​မ​ဟုတ်။ ထို အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

8. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး သား​တို့​သည် လူ​မျိုး​ခြား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​မော​ဘ​ပြည်​နှင့်​စိ​ရ​မြို့​သား တို့​ဆို​သ​ဖြင့်၊-

9. ငါ​သည်​ထို​ပြည်​၏​ကျက်​သ​ရေ​ဆောင်​ဗက် ယေ​ရှိ​မုတ်၊ ဗာ​လ​မောင်​နှင့်​ကိရ​ယ​သိမ်​မြို့ များ​အ​ပါ​အ​ဝင်​နယ်​ခြား​ခံ​တပ်​မြို့​တို့ ကို​ရန်​သူ​တို့​အား​တိုက်​ခိုက်​စေ​မည်။-

10. ငါ​သည်​မော​ဘ​ပြည်​ကို​အ​မ္မုန်​ပြည်​နှင့် အ​တူ အ​ရှေ့​အ​ရပ်​မှ​လူ​မျိုး​အ​နွယ်​တို့ လက်​သို့​အ​ပိုင်​ပေး​အပ်​မည်။ သို့​ဖြစ်​၍ မော​ဘ​ပြည်​သည်​တိုင်း​နိုင်​ငံ​တစ်​ခု အ​ဖြစ်​ဖြင့်​ရပ်​တည်​နိုင်​တော့​မည်​မ​ဟုတ်။-

11. မော​ဘ​ပြည်​သား​တို့​ကို​ငါ​အ​ပြစ်​ဒဏ်​ပေး မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 25