12. အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။-
13. သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် ဧဒုံပြည်ကိုဒဏ်ခတ်၍လူနှင့်တိရစ္ဆာန်ရှိ သမျှတို့ကို ပယ်ရှင်းမည်ဖြစ်ကြောင်းကြေ ညာ၏။ ငါသည်တေမာန်မြို့မှသည်ဒေဒန် မြို့တိုင်အောင် လူသူဆိတ်ညံရာအရပ်ဖြစ် စေမည်။ လူတို့သည်လည်းစစ်ပွဲတွင်ကျ ဆုံးကြလိမ့်မည်။-
14. ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ငါ၏ကိုယ်စားဧဒုံပြည်သား တို့ကိုလက်စားချေလျက် ငါ၏ပြင်းထန်သော အမျက်ဒေါသဒဏ်ကိုခံစေလိမ့်မည်။ ငါ ၏လက်စားချေမှုကိုဧဒုံပြည်သားတို့ သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤ ကားအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
15. အရှင်ထာဝရဘုရားက``ဖိလိတ္တိပြည်သား များသည် မိမိတို့၏ရာသက်ပန်ရန်သူယုဒ အားရက်စက်စွာလက်စားချေကာ မုန်းတီး စိတ်ဖြင့်ဖျက်ဆီးသုတ်သင်ပစ်ကြ၏။-
16. သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် လက်တော်ကိုဆန့်လျက်ဖိလိတ္တိပြည်သားတို့ အား တိုက်ခိုက်၍ခေရသိလူမျိုးတို့ကိုဖယ် ရှားပစ်မည်ဖြစ်ကြောင်းကြေညာ၏။ ပင်လယ် ကမ်းနားတွင်အသက်ရှင်လျက် ကျန်ရှိသမျှ သောသူတို့အားငါသုတ်သင်ပစ်မည်။-
17. သူတို့အားပြင်းထန်စွာအပြစ်ပေး၍အ ပြည့်အဝလက်စားချေမည်။ သူတို့သည် ငါ၏အမျက်တော်ဒဏ်ကိုခံရကြလိမ့် မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။