ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 25:11-17 Common Language Bible (BCL)

11. မော​ဘ​ပြည်​သား​တို့​ကို​ငါ​အ​ပြစ်​ဒဏ်​ပေး မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

12. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သည် ရက်​စက်​စွာ​ယု​ဒ​ပြည်​ကို​လက်​စား​ချေ ခြင်း​အား​ဖြင့်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​၏။-

13. သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။-

14. ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ကိုယ်​စား​ဧ​ဒုံ​ပြည်​သား တို့​ကို​လက်​စား​ချေ​လျက် ငါ​၏​ပြင်း​ထန်​သော အ​မျက်​ဒေါ​သ​ဒဏ်​ကို​ခံ​စေ​လိမ့်​မည်။ ငါ ၏​လက်​စား​ချေ​မှု​ကို​ဧ​ဒုံ​ပြည်​သား​တို့ သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​အ​ရှင်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။

15. အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဖိ​လိတ္တိ​ပြည်​သား များ​သည် မိ​မိ​တို့​၏​ရာ​သက်​ပန်​ရန်​သူ​ယု​ဒ အား​ရက်​စက်​စွာ​လက်​စား​ချေ​ကာ မုန်း​တီး စိတ်​ဖြင့်​ဖျက်​ဆီး​သုတ်​သင်​ပစ်​ကြ​၏။-

16. သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် လက်​တော်​ကို​ဆန့်​လျက်​ဖိ​လိတ္တိ​ပြည်​သား​တို့ အား တိုက်​ခိုက်​၍​ခေ​ရ​သိ​လူ​မျိုး​တို့​ကို​ဖယ် ရှား​ပစ်​မည်​ဖြစ်​ကြောင်း​ကြေ​ညာ​၏။ ပင်​လယ် ကမ်း​နား​တွင်​အ​သက်​ရှင်​လျက် ကျန်​ရှိ​သ​မျှ သော​သူ​တို့​အား​ငါ​သုတ်​သင်​ပစ်​မည်။-

17. သူ​တို့​အား​ပြင်း​ထန်​စွာ​အ​ပြစ်​ပေး​၍​အ ပြည့်​အ​ဝ​လက်​စား​ချေ​မည်။ သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 25